ရန်ကုန် မတ် ၃ဝ
(၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်
ခြင်းလုံးအားကစားနည်းဖြင့် အောင်မြင်မှုရရှိနိုင်ရေး၊ နောင်လာမည့် SEA
Games ပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပနိုင်ရေးနှင့်
ခြင်းလုံးအားကစားနည်း နိုင်ငံတကာသို့ ပြန့်ပွားစေရေးအတွက်
အာရှခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တွေ့ဆုံ
ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့
အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ (ပတ္တမြား) ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ခြင်းလုံးအားကစားနည်း ထည့်သွင်းကျင်းပခြင်းကြောင့် အောင်မြင်မှုရရှိစေရေးနှင့် ပြိုင်ပွဲပွဲစဉ်များ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေး၊ နည်းဥပဒေနှင့် နည်းစနစ်များ နောက်ဆုံးအဆင့် အတည်ပြုဆုံးဖြတ်ခြင်းနှင့် ၂ဝ၁၇ ခုနှစ် (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ခြင်းလုံးအားကစားနည်းကို ဆက်လက်ထည့်သွင်းကျင်းပနိုင်ရေးနှင့် မြန်မာ့ခြင်းလုံးအားကစားကို နိုင်ငံတကာ စည်းမျဉ်းများနှင့်အညီ ပြိုင်ပွဲဝင်အသင်းများနှင့် ခြင်းလုံးအားကစားဝါသနာရှင်များ နားလည်ရှင်းလင်းအောင် မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ်မှ နည်းစနစ်ကော်မတီဝင်များက အသစ်ထပ်မံရေးဆွဲထားခြင်းဖြစ်ခြင်းကြောင့် ခြင်းလုံးအားကစားနည်းကို အရှေ့တောင်အာရှမှ အာရှသို့ တက်လှမ်းအောင်မြင်မှုရရှိနေပြီ ဖြစ်သည်ဟု အပြန်အလှန်ဆွေးနွေး ခဲ့ပြီးနောက် ယခုအသစ်ထပ်မံ ပြင်ဆင်ရေးဆွဲထားသော ခြင်းလုံး အားကစားနည်းကို သရုပ်ပြခတ်ကစားမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခင်မောင်ဝင်း(ကြေးမုံ)

No comments:
Post a Comment