ပဲခူး မတ် ၂
ပဲခူးမြို့နယ်
ဘောနတ်ကြီးကျေးရွာအနီးရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ်(၃၄/
၃)နှင့်(၃၄/၄)အကြားတွင်မတ် ၁ ရက် နံနက်၆နာရီ၂ဝမိနစ်ခန့်က
မော်လမြိုင်မြို့မှရန်ကုန်မြို့သို့ယာဉ်မောင်းဦးမြင့်ကျော်အသက် (၅၁)နှစ်
မဂ္ဂင်လမ်း၊ မရမ်းကုန်းရပ်ကွက် မော်လမြိုင်မြို့နေသူ
မောင်းနှင်လာသည့်ဘောက်စ်ဝက်ဂွန်းအမျိုးအစားအစိမ်းရောင်ကိုယ်ပိုင်မော်တော်ယာဉ်မှာအင်ဂျင်အပူရှိန်လွန်ကဲ၍မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဘုရားကြီးမြို့အရန်မီးသတ်တပ်ဖွဲ့မှမီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ အရန်မီး
သတ်တပ်ဖွဲ့ဝင်၁၄ဦး၊
ဘောနတ်ကြီးအမြန်လမ်းမီးသတ်တပ်ဖွဲ့မှမီးငြိမ်းသတ်ယာဉ်တစ်စီး၊
သန္ဓေတပ်ဖွဲ့ဝင်ငါးဦး စုစုပေါင်းမီးငြှိမ်းသတ်ယာဉ်သုံးစီးအရန်
သန္ဓေ၁၉ဦးနှင့် ဘောနတ်ကြီးအမြန်လမ်းရဲစခန်းမှရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍
မီးငြှိမ်းသတ်ခဲ့သည်။
ယင်းနေ့ နံနက်၆နာရီ၎ဝခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီးယာဉ်မောင်းဖြစ်သူ ဦးမြင့်ကျော်အား ဘောနတ်ကြီးအမြန်လမ်းရဲစခန်းက (ပ)၁/၁၅ ပုဒ်မ၂၈၅ အရအမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။ သီဟရာဇာ(ဘုရားကြီး)
ယင်းနေ့ နံနက်၆နာရီ၎ဝခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီးယာဉ်မောင်းဖြစ်သူ ဦးမြင့်ကျော်အား ဘောနတ်ကြီးအမြန်လမ်းရဲစခန်းက (ပ)၁/၁၅ ပုဒ်မ၂၈၅ အရအမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။ သီဟရာဇာ(ဘုရားကြီး)
No comments:
Post a Comment