နေပြည်တော် မတ် ၂
မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၄ ရက်က ကျိုင်းတုံမြို့နယ်
မိုင်းလပ်ကျေးရွာအုပ်စု ဝမ်ဆာကျေးရွာအထွက် မြို့ရှောင်လမ်းမပေါ်တွင်
ဝမ်လုံးကျေးရွာဘက်မှ ဝမ်ဆာကျေးရွာဘက်သို့ မော်တော်ဆိုင်ကယ်စီးလာသူ
ယာခိုင်လိကို ရှာဖွေရာ ၎င်းလွယ်ထားသည့် အိတ်အတွင်းမှ
ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့် ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၁၇၅ဝ၊
ပုဆိုးစဖြင့်ထုပ်ထားသော ဘိန်းစိမ်း သုည ဒသမ ၅ဝ၄ ကီလိုတို့ကို
သိမ်းဆည်းရမိသဖြင့် ယာခိုင်လိ (၃၅)နှစ်အား မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(မူးယစ်ဗဟို)
No comments:
Post a Comment