ဗီယင်နာ မတ် ၂
အီရန်နိုင်ငံသည် နျူကလီးယား ဆိုင်ရာအဓိက အချက်အလက်များကို နျူကလီးယား
စောင့်ကြည့်လေ့လာ ရေးအဖွဲ့ဝန်ထမ်းများထံ လွှဲပြောင်း
ပေးခြင်းမရှိသေးကြောင်းနှင့် အီရန် နိုင်ငံ၏ နျူကလီးယားအစီအစဉ် အပေါ်
စုံစမ်းစစ်ဆေးရေးကို လေ့လာ ရေးအဖွဲ့အနေဖြင့် အကန့်အသတ်မရှိ
ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိ ကြောင်း ကုလသမဂ္ဂ နျူကလီးယား
စောင့်ကြည့်လေ့လာရေးအဖွဲ့ အကြီး အကဲက မတ် ၂ ရက်တွင် ပြောကြားသည်။
အီရန်နိုင်ငံက ပြုလုပ်ခဲ့သည့် နျူကလီးယားဆိုင်ရာ စမ်းသပ်မှုနှစ်ခုအတွက်
ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့် လေ့လာရေးအဖွဲ့သို့ ရှင်းလင်းတင်ပြ ရန်
တာဝန်ရှိကြောင်း နျူကလီးယား စောင့်ကြည့်လေ့လာရေးအဖွဲ့အကြီး
အကဲယူကီယာအမာနိုက ဗင်ယင်နာ မြို့တွင် ပြောကြားသည်။
အီရန်နိုင်ငံအနေဖြင့် သြဂုတ်လ အတွင်းက ဖောက်ခွဲမှုများနှင့် ဆက်စပ်သည့်စမ်းသပ်မှုနှစ်ခုနှင့် ဗုံးပြုလုပ် ရန် သုတေသနပြုလုပ်မှုနှင့် ဆက်နွှယ် ဖွယ်ရှိသည့်အခြားသော ဆောင်ရွက်မှုများအတွက် အသိပေးအကြောင်း ကြားခဲ့သင့်သည်။
အီရန်နိုင်ငံ၏ နျူကလီးယားနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်းမရှိ သည့် လုပ်ဆောင်မှုများကြောင့် နျူကလီးယား စောင့်ကြည့်လေ့လာ ရေးအေဂျင်စီအနေဖြင့် ယုံကြည်စိတ်ချရသည့် အာမခံချက်ပေးနိုင်သည့် အနေအထားမရှိကြောင်း ယူကီယာ အမာနိုက ပြောကြားသည်။
အနောက်အုပ်စုနိုင်ငံများက အီရန် နိုင်ငံ၏ အဏုမြူဗုံးနည်းပညာ တိုးတက်လာမည်ကို စိုးရိမ်နေကြပြီး အီရန်နိုင်ငံက ၎င်း၏ နျူကလီးယား အစီအစဉ်မှာ ငြိမ်းချမ်းရေးအတွက်သာ ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုသည်။
ရိုက်တာ။

No comments:
Post a Comment