ဆိုးလ် မတ် ၂
အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့
နှစ်စဉ်ပုံမှန်စစ်ရေးလေ့ကျင့်မှုစတင်လိုက်သည်နှင့် မြောက်ကိုရီးယား နိုင်ငံက
တာတိုပစ်ဒုံးကျည်နှစ်စင်းကို ပင်လယ်တွင်းသို့ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း
တောင်ကိုရီးယား အရာရှိများက ပြောကြားသည်။
ကီလိုမီတာ ၄၉ဝ ( ၃ဝ၅
မိုင်)ခန့်အထိ ပစ်ခတ်နိုင်သော ဒုံးကျည်နှစ်စင်းကို အနောက်ပိုင်းရှိ
နမ်ပိုမြို့မှ ကိုရီးယား ကျွန်းဆွယ်အရှေ့ဘက် ပင်လယ်တွင်းသို့
ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်အရာရှိများက ပြောကြားသည်။
မကျေနပ်
အမေရိကန်နှင့် တောင်ကိုရီးယားစစ်သည် ထောင်ပေါင်းများစွာပါဝင်သည့် နှစ်နိုင်ငံ ပုံမှန်စစ်ရေးလေ့ကျင့်မှုအပေါ် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အမြဲတမ်းဒေါသဖြစ်ရသလို ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများမှာလည်း မကျေနပ်ကြောင်း ပြသနေခြင်းဖြစ်သည်။
ဇာတ်တိုက်လေ့ကျင့်
အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က ၎င်းတို့၏ ပုံမှန်စစ်ရေးလေ့ကျင့်မှုသည် ကာကွယ်ရေးလိုအပ်ချက်အရ ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း မြောက်ကိုရီးယားနိုင်ငံကမူ ကျူးကျော်တိုက်ခိုက်မှုများပြုလုပ်ရန် ဇာတ်တိုက်လေ့ကျင့်နေခြင်းဖြစ်သည်ဟု ရှုမြင်ထားသည်။
ဘီဘီစီ။

No comments:
Post a Comment