သက်ကြီးရွယ်အိုများကိုစောင့်ရှောက်
လူ့ဘဝအရွယ်သုံးပါးတွင်
အသက်(၆ဝ)ကျော် သက်ကြီးများမှာ ကျန်းမာရေးအရဖြစ်စေ၊
လှုပ်ရှားဆောင်ရွက်နိုင်မှုအရဖြစ်စေ အားနည်း လာသောအချိန် ဖြစ်ပါသည်။
အဆိုပါ သက်ကြီးများအဖို့ အရွယ်ရှိစဉ် ငယ်စဉ်ကာလ လုပ်နိုင်၊
ကိုင်နိုင်ရှိစဉ်အချိန်က မိသားစုတာဝန်၊ နိုင်ငံ့တာဝန်များကို အနည်းနှင့်
အများ ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြသူများဖြစ်ပါသည်။ အသက်
အရွယ်ပြည့်ချိန်တွင် လုပ်ကိုင်ဆောင်ရွက်မှုပြီးဆုံးသဖြင့် အလုပ်တွင်
လည်းကောင်း၊ မိသားစုတွင်လည်းကောင်း အနားယူကာ မိမိဘဝ အပြောင်းအလဲအတွက်
ပြင်ဆင်ရမည့်အချိန် ဖြစ်ပါသည်။
သို့သော် အချို့သက်ကြီးများမှာ
ကျန်းမာရေးကောင်းမွန်သေးသဖြင့် အလုပ်အကိုင်များဆက်လက်လုပ်ကိုင်ကာ
ဝမ်းစာရှာကြသူများလည်းရှိ သည်။ ကျောထောက်နောက်ခံကောင်း၍
တမလွန်ဘဝကောင်းသို့ ကူးပြောင်းနိုင်ရန်အတွက် ကုသိုလ်ဘာဝနာများ
ပွားများကြသူများလည်း ရှိသည်။ အချို့မှာမူ
ကျောထောက်နောက်ခံမကောင်းသဖြင့် နောက်ဆုံး အချိန်တွင်
ညှိုးညှိုးငယ်ငယ်ဖြင့် အပယ်ခံဘဝတွင်နေကြရသူများလည်း ရှိသည်။
မည်သို့ပင်ဖြစ်စေ အသက်(၆ဝ)ကျော်လွန်လာသည့် သက်ကြီးများမှာ တစ်ချိန်သောကာလက
မိမိတို့မိသားစု သို့မဟုတ် နိုင်ငံအတွက် တာဝန်ကျေခဲ့
ကြသူများဖြစ်ကြသောကြောင့် အဆိုပါသက်ကြီးများအား ပြန်လည်ကျေးဇူး
ဆပ်သောအားဖြင့် ပြုစုစောင့်ရှောက်ကြရမည်မှာ မိမိတို့အားလုံး၏ တာဝန်ဖြစ်
ပါသည်။
မင်္ဂလာတရားအရလည်း ကျေးဇူးဆပ်ရမည့်သူများဖြစ်ပါသည်။
နိုင်ငံ့ဝန်ထမ်း အငြိမ်းစားသက်ကြီးများအဖို့မူ နိုင်ငံတော်က အငြိမ်းစား လစာငွေကို အဆင့်ဆင့်တိုးမြှင့်ပေး၍ လစဉ်ထုတ်ယူခံစားနိုင်သဖြင့် အတိုင်းအတာ တစ်ခုအထိ အထောက်အပံ့ဖြစ်ကြပါသည်။ များသောအားဖြင့် အဆိုပါ အငြိမ်းစားသက်ကြီး၏ ပင်စင်လစာနှင့် မိသားစုကပါ ပြန်လည်ထောက်ပံ့ စောင့်ရှောက်သဖြင့် နေဝင်ချိန်ဘဝအတွက် ပူပန်မှုမရှိသော်လည်း ပြင်ပတွင် လုပ်ကိုင်ခဲ့ရသူ သက်ကြီးများအဖို့ ဝင်ငွေလည်းမရှိ၊ မပြေလည်သော မိသားစု ဖြစ်ပါက ထောက်ပံ့မှုမရနိုင်သဖြင့် ထိုသက်ကြီးများအတွက် များစွာအခက်အခဲ ဖြစ်နိုင်ပါသည်။
နိုင်ငံ့ဝန်ထမ်း အငြိမ်းစားသက်ကြီးများအဖို့မူ နိုင်ငံတော်က အငြိမ်းစား လစာငွေကို အဆင့်ဆင့်တိုးမြှင့်ပေး၍ လစဉ်ထုတ်ယူခံစားနိုင်သဖြင့် အတိုင်းအတာ တစ်ခုအထိ အထောက်အပံ့ဖြစ်ကြပါသည်။ များသောအားဖြင့် အဆိုပါ အငြိမ်းစားသက်ကြီး၏ ပင်စင်လစာနှင့် မိသားစုကပါ ပြန်လည်ထောက်ပံ့ စောင့်ရှောက်သဖြင့် နေဝင်ချိန်ဘဝအတွက် ပူပန်မှုမရှိသော်လည်း ပြင်ပတွင် လုပ်ကိုင်ခဲ့ရသူ သက်ကြီးများအဖို့ ဝင်ငွေလည်းမရှိ၊ မပြေလည်သော မိသားစု ဖြစ်ပါက ထောက်ပံ့မှုမရနိုင်သဖြင့် ထိုသက်ကြီးများအတွက် များစွာအခက်အခဲ ဖြစ်နိုင်ပါသည်။
ထို့ကြောင့် သက်ကြီးရွယ်အိုများဘဝ
လူမှုကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေးအတွက်
အစီအမံများချမှတ်ဆောင်ရွက်နေသည်ကို တွေ့ရသဖြင့်
ဝမ်းမြောက်ပီတိဖြစ်မိပါသည်။ ပြီးခဲ့သည့်နှစ်ကတည်းက မြန်မာနိုင်ငံအတွင်း
ရှိ အသက် (၁ဝဝ)နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်က
ထောက်ပံ့စောင့်ရှောက်မှုပေးခဲ့သည်ကို တွေ့ခဲ့ရပြီး ဆက်လက်၍ မြန်မာ
နိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ
စီမံချက်တွင် အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုတစ်ဦးချင်းစီကို
ထောက်ပံ့ပေးသွားနိုင်ရေး အဆိုပြုထားသဖြင့် ဝန်ထမ်းမဟုတ်သော ပြင်ပမှ
သက်ကြီးများအတွက် အားတက်ဖွယ်ဖြစ်သည်။
ပြီးခဲ့သည့်လဆန်းက
ကျင်းပခဲ့သည့် တတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်မှုဖိုရမ်တွင်လည်း
လူမှုထောက်ပံ့မှုများကို နိုင်ငံတကာအဖွဲ့အစည်း များ၊
ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်း
ဆောင်ရွက်နေကြောင်းသိရသည်။ ထို့အပြင် လာမည့်ဘဏ္ဍာရေးနှစ်တွင် အသက်(၉ဝ)နှစ်
နှင့် (၁ဝဝ) နှစ်အကြား အဘိုး၊ အဘွားများအား လူမှု
ကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများအရ ထောက်ပံ့နိုင်ရေးအတွက်
ပြည်ထောင်စုလွှတ်တော်တွင် ဘဏ္ဍာငွေတင်ပြတောင်းခံထားကြောင်း သိရသည်။
အသက်(၆၅)နှစ်နှင့်(၉ဝ)နှစ်အကြား အဘိုး၊ အဘွားများအား ဘဏ္ဍာ
ရေးနှစ်အလိုက်ရရှိသော ဘဏ္ဍာငွေအပေါ်မူတည်၍ တစ်နှစ်ပြီးတစ်နှစ်
တိုးမြှင့်ထောက်ပံ့ပေးသွားဦးမည်ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်ရာ တစ်ချိန် က
နယ်ပယ်အလိုက်တာဝန်ကျေပွန်ခဲ့သော သက်ကြီးရွယ်အိုများအတွက်
နိုင်ငံတော်၏အစီအစဉ်ဖြင့် ကာကွယ်စောင့်ရှောက်မှုပြုနိုင်တော့မည်ဖြစ်သည်။
မိမိတို့ကလည်း ကျေးဇူးရှိသော သက်ကြီးရွယ်အိုများအား တတ်နိုင်သလောက်
ကျေးဇူးဆပ်ကြရန် မမေ့ကြဖို့ဖြစ်ပါသည်။ ။
No comments:
Post a Comment