
ညောင်ဦး မတ် ၃
ညောင်ဦးတွင် နိုင်ငံခြားခရီးသွား ဧည့်သည် လမ်းတွင်ကျကျန်ရစ်ခဲ့သော
ပိုက်ဆံအိတ်ကို ခွေးတစ်ကောင် ချီလာရာမှ ဈေးရောင်းသူတစ်ဦး
တွေ့ရှိခဲ့သဖြင့် ခဲဖြင့်ခြောက်လှန့်ရယူ ပြီး ပိုင်ရှင်ဖြစ်သူ
နိုင်ငံခြားသားအား ရှာဖွေကာ ပြန်လည်အပ်နှံပေးခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၈ ရက် နံနက်က ပုဂံမြို့ဟောင်း မြင်းကပါ ကျေးရွာနေ
ဈေးရောင်း အလုပ်လုပ် ကိုင်သူ ဦးမောင်ထွန်းသည် ထီးလို
မင်းလိုဘုရားအရှေ့ဘက်မုခ်အနီး၌ ဈေးရောင်းနေစဉ် ခွေးတစ်ကောင်မှ
ခေါက်ပိုက်ဆံအိတ် အနက်ရောင် တစ်လုံးအား ကိုက်ချီလာသည်ကို တွေ့ရှိသဖြင့်
ခဲဖြင့်ပစ်ပေါက်ခြောက် လှန့်ပြီး ကောက်ယူကြည့်ရှုရာ နိုင်ငံ
ခြားသားကိုင်ဆောင်သောအိတ် ဖြစ် သည်ကို သိရှိရသဖြင့် ကမ္ဘာလှည့်
ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့မှ ထီးလိုမင်းလိုဘုရား
လုံခြုံရေးတာဝန် ကျ ရဲတပ်ကြပ်ကြီး အောင်မြင့်မော် ထံသို့ပေးအပ်ခဲ့ပြီး
ဟိုတယ်၊ တည်းခို ခန်းများသို့ စုံစမ်းရှာဖွေရာ ပုဂံမြို့ သစ်ရှိ
သီရိစန္ဒာဟိုတယ် အခန်း အမှတ် (၂ဝ၇)၌တည်းခိုနေသော
ဂျာမနီနိုင်ငံသား၏အိတ်ဖြစ်ကြောင်း သိရပြီး ¤င်းက ပစ္စည်းများကို မှန်ကန်
စွာပြောပြနိုင်ခဲ့သဖြင့် ပိုက်ဆံအိတ်ကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲသူရအောင်(ညောင်ဦး)
ရဲသူရအောင်(ညောင်ဦး)
No comments:
Post a Comment