Monday, March 30, 2015

နေပြည်တော်-ရန်ကုန် အမြန် လမ်းပိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပွားရာ သုံးဦးသေဆုံး



 

ရေတာရှည် မတ် ၂၉
ရန်ကုန်-နေပြည်တော် အမြန် လမ်းပိုင်း မိုင်တိုင် ၁၇၄/၁ နှင့် ၁၇၄/၂ အကြားတွင် မတ် ၂၈ ရက် ညနေ ၃ နာရီ မိနစ် ၅ဝ က နေပြည် တော်မှ ရန်ကုန်ဘက်သို့ ထွက်ခွာ လာသော လိုက်ထရပ်ဘုရားဖူး ယာဉ်ကို စူပါကာစတန်ယာဉ်က နောက်မှ အရှိန်လွန်တိုက်မိခဲ့ သဖြင့် လိုက်ထရပ်ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် အမျိုး သားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး နေရာတွင်ပင် သေဆုံးကာ နေပြည် တော် ခုတင် ၁ဝဝဝ ဆေးရုံကြီး အရောက်၌ နောက်ထပ် အမျိုးသမီး တစ်ဦး ထပ်မံသေဆုံး သွားခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့မှ နေပြည်တော် သို့ ဘုရားဖူးပြီး ပြန်လာသော ယာဉ် မောင်းဦးစိုးမင်း (၄၈နှစ်) မောင်းနှင် ၍ နောက်တွင် အမျိုးသားရှစ်ဦး၊ အမျိုးသမီး ၁၈ ဦးတို့ လိုက်ပါလာ သော လိုက်ထရပ်ယာဉ်အမှတ် 8E/-----ယာဉ်သည် မြောက်မှ တောင်သို့ မောင်းနှင်လာစဉ် အခင်း ဖြစ်နေရာအရောက်တွင် ယာဉ်မောင်း ဒေါ်နီလာထွန်း (၄၄ နှစ်) ပြည်ကြီး တံခွန်မြို့နယ် မန္တလေးမြို့နေသူ မောင်းနှင်လာသည့် စူပါကာစတန် 8J / --- ယာဉ်က လိုက်ထရပ်ယာဉ် ၏အနောက်ပိုင်းကို ဝင်တိုက်မိ ခဲ့သည်။ ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်မှာ တစ်ပတ်လည် ကာ ကားလမ်း၏အနောက်ဘက် တွင် တိမ်းမှောက်သွားခဲ့ပြီး စူပါကာ စတန်ယာဉ်မှာကားလမ်း အနောက် ဘက်သို့ ထိုးကျသွားခဲ့သည်။
လိုက်ထရပ်ယာဉ်ပေါ်တွင် လိုက် ပါလာသူများအနက် ဦးစိုးညွန့် (၄၆ နှစ်)၊ ဒေါ်မြသန်း (၅၂ နှစ်)တို့နှစ်ဦးမှာ နေရာတွင်ပင်သေဆုံး ၍ ယာဉ်ပေါ်တွင်လိုက်ပါလာသူများ အနက် ဒဏ်ရာရရှိသူ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ၁၆ ဦးတို့ကို သာဂရအမြန်လမ်းရဲစခန်းမှ အရေး ပေါ်ယာဉ်များဖြင့် နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံကြီးသို့ တင်ပို့ ပေးခဲ့ရာ ဆေးရုံအရောက်တွင် ဒဏ် ရာ ရရှိထားသော ဒေါ်ဝင်းကြည် (၆၅ နှစ်) မှာ ထပ်မံသေဆုံးသွားခဲ့ သည်။
''ကျွန်မအိပ်ချင်တာနဲ့ ကားပေါ် မှာ အိပ်ပြီးလိုက်လာတာ ဒုန်းဆိုတဲ့ အသံကြီးကြားရပြီး သတိလစ်သလို ဖြစ်သွားတယ်။ ခေါင်းအမူးပြေလို့ ကြည့်လိုက်မှ ကားမှောက်မှန်း သိ ရတာ'' ဟု လိုက်ထရပ်ယာဉ်ပေါ်တွင် လိုက်ပါလာသော အမျိုးသမီး တစ်ဦး က ပြောသည်။ အမှုကို သာဂရအမြန် လမ်းရဲစခန်းက စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment