ရန်ကုန် မတ် ၂၉
အာရှယူ-၂၃ ခြေစစ်ပွဲ အုပ်စု (စ) ဒုတိယနေ့ ပွဲစဉ်များကို ယနေ့ ညနေပိုင်းက
တရုတ်(တိုင်ပေ)၌ ဆက်လက်ယှဉ်ပြိုင်ကစားရာ မြန်မာ အသင်းက ဟောင်ကောင်အသင်းကို
နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ - နှစ်ဂိုး
ဟောင်ကောင် - တစ်ဂိုး
မြန်မာအသင်းသည် မိနစ် ၆ဝ နီးပါး တစ်ယောက်လျော့ဖြင့် ကစား ခဲ့ရသော်လည်း အရှုံးမှ အနိုင်ရရှိ အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ယခု ခြေစစ်ပွဲတွင် ပုံစံကောင်းပြသနေ သည့် မြန်မာအသင်းသည် နှစ်ပွဲဆက် အနိုင်ရလဒ်ကြောင့် ခြေစစ်ပွဲအောင် ရန် မျှော်လင့်ချက်ပိုကောင်းသွားခဲ့ သည်။ မြန်မာအသင်းမှာနောက်ဆုံးပွဲ ၌ သြစတြေးလျအသင်းနှင့် ကစားရမည် ဖြစ်သည်။
တရုတ်(တိုင်ပေ)အသင်းကို အနိုင် ရခဲ့သည့် ပွဲထွက်လူစာရင်းမှ နှစ်နေရာကို အပြောင်းအလဲပြုလုပ် ခဲ့ပြီး ဇွန်မိုးအောင်နှင့် အောင်ရှိုးသာ မောင်တို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။ မြန်မာအသင်းမှာ နိုင်ပွဲဆက်ရေးကြိုးပမ်းခဲ့သော်လည်း ၃၃ မိနစ်တွင် ထောင့်ကန်ဘောမှ တစ်ဆင့် ဟောင်ကောင်အသင်း၏ ဦးဆောင်ဂိုးသွင်းယူမှုကို ခွင့်ပြုခဲ့ ရသည်။ နှစ်မိနစ်အကြာတွင် မြန်မာ ကွင်းလယ်ကစားသမား လှိုင်းဘိုဘို တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံ ခဲ့ရ၍ တစ်ယောက်လျော့ဖြင့် ကစားခဲ့ ရသည်။
ဒုတိယပိုင်းတွင် တစ်ယောက် လျော့နေသည့် မြန်မာအသင်းမှာ ကစားကွက်ပျက်မသွားဘဲ ချေပဂိုး ရရှိရန် ဟောင်ကောင်အသင်းဘက်သို့ ဆက်တိုက်ဖိကစားနိုင်ခဲ့သည်။ ယခု ပွဲတွင် ပွဲထွက်ကစားခွင့်ရရှိခဲ့သည့် ဇွန်မိုးအောင်က ၅၄ မိနစ်တွင် ချေပ ဂိုးသွင်းပြီး ၆၃ မိနစ်တွင် အနိုင်ဂိုး သွင်းယူပေးခဲ့သည်။ ကျန်ပွဲချိန်များ တွင် မြန်မာအသင်းက ပွဲကို ထိန်း ကစားသွားခဲ့ပြီး ဟောင်ကောင်အသင်း ချေပဂိုးရနိုင်သည့် အခွင့်အရေးများ ပြန်ရခဲ့သော်လည်း မြန်မာဂိုးသမား ကျော်ဇင်ဖြိုး ကာကွယ်နိုင်ခဲ့သည်။
အုပ်စု(စ)၏ အခြားပွဲစဉ်တွင် သြစတြေးလျအသင်းက တရုတ် (တိုင်ပေ) အသင်းကို လေးဂိုးပြတ်ဖြင့် အနိုင်ရရှိသွားသည်။ နှစ်ပွဲဆက်အနိုင် ရရှိခဲ့သော မြန်မာနှင့် သြစတြေးလျ အသင်းတို့မှာ ခြေစစ်ပွဲအောင်ရန် အခြေအနေကောင်းသွားခဲ့ပြီး တရုတ် (တိုင်ပေ)နှင့် ဟောင်ကောင်တို့မှာ ခြေစစ်ပွဲအဆင့်မှ ထွက်ခဲ့ရပြီ ဖြစ်သည်။ အုပ်စုတစ်ခုစီမှ ထိပ်ဆုံး အသင်းများနှင့် အကောင်းဆုံးအုပ်စု ဒုတိယနေရာရ ငါးသင်းမှာ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ရာ မြန်မာအသင်း အနေဖြင့် အကောင်းဆုံးအုပ်စု ဒုတိယနေရာဖြင့် ခြေစစ်ပွဲအောင်ရန် မျှော်လင့်ချက်ရှိနေသည်။
သတင်း-ညီမြတ်သော်တာ ၊ ဓာတ်ပုံ-ဘောလုံးအဖွဲ့ချုပ်

No comments:
Post a Comment