ရန်ကုန် ဖေဖော်ဝါရီ ၂၈
လောက်ကိုင်ဒေသတွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းရွက်နေကြသော
တပ်မတော်သားများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁
နာရီတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာရှိ စစ်ရေးဌာန(ရေး-၂) ၌
ကျင်းပရာ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း၊ ဗိုလ်လောင်း
သင်တန်းအမှတ်စဉ်(၈ဝ)၊ စည်သူတပ်ခွဲကျောင်းဆင်းအရာရှိများနှင့် မိသားစုများက
အမိနိုင်ငံတော်အတွက် ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်နေသည့်
တပ်မတော်သားများနှင့် တိုက်ပွဲအသီးသီးတွင် အသက်ပေးလှူခဲ့ကြသည့်
အရာရှိစစ်သည်များ၏ မိသားစုများအတွက် အလှူငွေကျပ် ၁ဝ သိန်းကို
ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
လောက်ကိုင်ဒေသ၌ နိုင်ငံတော်ကာကွယ်ရေးတာဝန်များထမ်းရွက်နေကြသည့် တပ်မတော်သားများအတွက် အလှူငွေ၊ အသုံးအဆောင် ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လွယ်ကူချောမွေ့စွာလှူဒါန်းနိုင်ရေးအတွက် နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ပိတ်ရက်မရှိ ရန်ကုန် တိုင်းစစ်ဌာနချုပ်တွင် ဖွင့်လှစ်ကာ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
(ဇော်မင်းလတ်)

No comments:
Post a Comment