Sunday, March 1, 2015

လောက်ကိုင်မြို့ သန့်ရှင်းသာယာလှပရေး ပူးပေါင်းဆောင်ရွက်

'လောက်ကိုင်မြို့ သန့်ရှင်းသာယာလှပရေး ပူးပေါင်းဆောင်ရွက်

နေပြည်တော်   ဖေဖော်ဝါရီ  ၂၈

လောက်ကိုင်ဒေသတွင် ဖေဖော်ဝါရီ ၉ ရက်မှစ၍  တပ်မတော်စစ်ကြောင်းများနှင့် ကိုးကန့်သောင်းကျန်းသူအဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုအခါ တပ်မတော်စစ်ကြောင်းများ၏ နယ်မြေရှင်းလင်းဆောင်ရွက်မှုများကြောင့် လောက်ကိုင်မြို့အတွင်း ပြန်လည် တည်ငြိမ်အေးချမ်းလာပြီဖြစ်သဖြင့် ဖေဖော်ဝါရီ  ၂၂ ရက်မှစတင်၍ တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိသည်။

ထို့ကြောင့် လောက်ကိုင်မြို့သန့်ရှင်း သာယာလှပရေးအတွက် ဒေသခံပြည်သူများနှင့်တာဝန်ရှိသူများကပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၇ ရက်တွင် ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးစောမြင့်ဦး ဦးဆောင်၍ လောက်ကိုင်တပ်နယ်မှ တပ်မတော်သားများ၊ မြို့မိမြို့ဖများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုးကန့် လူမှုဖွံ့ဖြိုးတိုးတက်ရေး  အထောက်အကူပြုအဖွဲ့များ၊  ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများက လောက်ကိုင်မြို့တွင်းရှိ လမ်းများမှ   အမှိုက်သရိုက်များ ရှင်းလင်းခြင်းနှင့် မြို့သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း  သတင်းရရှိသည်။      

(မြဝတီ)'

(မြဝတီ)

No comments:

Post a Comment