ဂျာမန်ဘွန်ဒက်လီဂါကလပ် ရှော်လ်ကေးအသင်းသည် မန်စီးတီး အသင်းမှ
အငှားစာချုပ်ဖြင့် လာ ရောက်ကစားလျက်ရှိသည့် ဆားဘီး ယားကြယ်ပွင့်
နာစတာဆစ်အား အမြဲတမ်းစာချုပ် ချုပ်ဆိုခေါ်ယူရန် ဆန္ဒရှိနေကြောင်း
ရှော်လ်ကေးအသင်း အထွေထွေမန်နေဂျာ ဟော့ဟဲလ်ဒ်က ပြောကြားခဲ့သည်။
နောက်တန်းကစားသမား နာစတာ ဆစ်သည် ဇန်နဝါရီလအတွင်းက မန်စီးတီးအသင်းမှ
အငှားလာရောက် ကစားသူဖြစ်ပြီး ၎င်း၏အငှားစာချုပ် သည်
ယခုနှစ်ဘောလုံးရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။
သို့ရာတွင် ရှော်လ်ကေးအသင်းက မူ လက်ရှိတွင် ဘွန်ဒက်လီဂါအမှတ် ပေးဇယား၌ အဆင့်(၅)နေရာတွင် ရပ်တည်လျက်ရှိပြီး နောက်ခံကစား သမားနာစတာဆစ်အား ရှော်လ်ကေး အသင်းတွင် ဆက်လက်ရှိနေစေလို သောကြောင့် အမြဲတမ်းစာချုပ်ဖြင့် ခေါ်ယူရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
''ကျွန်တော်တို့အနေနဲ့ အသင်းမှာ အငှားလာကစားတဲ့ နောက်ခံလူ နာ စတာဆစ်ကို ခေါ်ယူဖို့ အခွင့်အရေး တွေ ရှိပါတယ်။ အသင်းအတွက် သူ ကစားပေးခဲ့တဲ့ မိနစ်တွေတိုင်းက သူ့ ကို ရှော်လ်ကေးမှာပဲ ဆက်ကစားစေ လိုတဲ့ ဆန္ဒတွေဖြစ်လာတာပါ။ ဒါ့ ကြောင့် ကျွန်တော်တို့က သူ့ကို အမြဲတမ်းစာချုပ်ချုပ်ဆိုခေါ်ယူဖို့ စီစဉ် နေတာပါ''ဟု ရှော်လ်ကေးအသင်း အထွေထွေမန်နေဂျာက ပြောကြားခဲ့သည်။
လက်ရှိတွင် ရှော်လ်ကေးအသင်း ၌ ဒရက်ဇ်လာသည် သီတင်းပတ် ပေါင်းများစွာ အနားယူခဲ့ရပြီး ဂျက် ဖာဆန်ဖာဖန်နှင့် ဂိုရက်ဇ်ကာတို့ သည်လည်း ယခုနှစ်ဘောလုံးရာသီ စတင်ကတည်းက ဒဏ်ရာပြဿနာ များကြောင့် အနားယူခဲ့ရသည်။
ထို့ကြောင့် အသင်းအတွက် ရလဒ် သည် ထင်တိုင်းမပေါက်ဖြစ်ခဲ့ရပြီး အဆိုပါရလဒ်မကောင်းမှုကို ဖြေရှင်း ရန်အတွက် လက်ရှိအငှားဖြင့် လာ ကစားနေသည့် နာစတာဆစ်ကို ခေါ်ယူရန် ပစ်မှတ်ထားလာခြင်း ဖြစ်သည်။
(ငွေကြယ်)

No comments:
Post a Comment