Thursday, March 5, 2015

ထန်းပေါ်ချိန်၌ ထန်းမြူအိုးလုပ်ငန်းများဖြင့် အသက်မွေး




 ရေစကြို မတ် ၎



မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြိုနယ် ကြက်ဆူကျင်း ကျေးရွာ၌ ထန်းမြူအိုးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင် ရွက်နေကြောင်း သိရသည်။
''ကျွန်မတို့ ထန်းမြူအိုးလုပ်လာ တာ ဘိုးစဉ်ဘောင်ဆက်ကတည်းက ပါ။ မြေနီကားတစ်စီးကို လှည်းငါး ခေါက်ရတယ်။ မြေနက်ကားတစ်စီးကို လှည်းငါးခေါက်ရတယ်။ မြေနီနဲ့ မြေနက်ကားနှစ်စီးကို အိုးအလုံး ၃ဝဝဝ ရပါတယ်။ အဲဒီမြေနီကို ကြက်ဆူကျင်းနဲ့ သဲပုံရွာ အကြားက ရပါတယ်။မြေနက်ကိုကြက်ဆူကျင်း ရွာအရှေ့ဘက်သွားသယ်ရပါတယ်။တစ်နေ့ကို မိသားစုသုံးယောက် လုပ်ရင် အလုံး ၁ဝဝ လောက် ရပါ တယ်။ အိုးလုပ်ရာမှာ အဆင့်လေး ဆင့်လုပ်ရပါတယ်။ ပထမအဆင့်အိုး လောင်းလုပ်ရတယ်။ဒုတိယအဆင့်မှာ အိုးကောင်းအောင်၊ ခိုင်အောင် လက် ခတ်နဲ့ရိုက်ပေးရတယ်။ တတိယ အဆင့်မှာအိုးပုံ အချောသပ်ရတယ်။စတုတ္ထအဆင့်မှာ မီးဖုတ်ပေးရပါ တယ်။မီးဖုတ်ပြီးအိုးတစ်လုံးကို ကျပ် ၁ဝဝ နဲ့ ထန်းတက်သူတွေကို ရောင်းချ ရပါတယ်''ဟု ကြက်ဆူကျင်းရွာမှ အိုးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ရင်အောင်ဦး(ရေစကြို)

No comments:

Post a Comment