Monday, March 30, 2015

အောင်ပွဲတွေရရှိနေဟု ရွန်းနေပြောကြား



 
၂ဝ၁၄ ကမ္ဘာ့ဖလားအပြီး အင်္ဂလန်ဘောလုံးအသင်းအနေဖြင့် အခြားနိုင်ငံ အသင်းတွေကို ခြိမ်းခြောက်ကစားနေတဲ့ အသင်းဖြစ်တယ်လို့ အသင်းခေါင်း ဆောင် ဝိန်းရွန်းနေက ပြောကြားလိုက်ပါတယ်။ ယူရို-၂ဝ၁၆ ခြေစစ်ပွဲမှာ ငါးကြိမ် မြောက် စံချိန်တင်အနိုင်ရလိုက်တဲ့ အင်္ဂလန်က လစ်သူယေးနီးယား အသင်းကို လေးဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ မန်ယူတိုက်စစ်မှူး ရွန်းနေက တစ်ဂိုးသွင်းယူပြီး နှစ်ကြိမ် ဂိုးတိုင်ထိမှန်ခဲ့ပါတယ်။  ရွိုင်းဟော့ဆင်ရဲ့  အင်္ဂလန် အသင်းဟာ ဘရာဇီးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပွဲမှာ တစ်ပွဲမျှပင် အနိုင် မရခဲ့ပါဘူး။ သို့ပေမယ့် ဘရာဇီးကမ္ဘာ့ဖလားအပြီး ခုနစ်ပွဲအထိအနိုင်ရရှိထား ပြီး ဖြစ်ပါတယ်။ ''ကျွန်တော်တို့အနေနဲ့ ဂိုးတွေသွင်းယူနိုင်ခဲ့သလို အောင်ပွဲတွေလည်း ရရှိနေပါတယ်။ ဒါကအသင်းအတွက် စွမ်းအင်တွေဖြစ်ပါတယ်''လို့ အသက် ၂၉ နှစ် အရွယ်ရှိရွန်းနေက ဆိုပါတယ်။ အင်္ဂလန်အသင်းဟာ ဒီပွဲ အနိုင်ရလိုက်တဲ့ အတွက်လာမယ့် ၂ဝ၁၆ ခုနှစ် ပြင်သစ်မှာကျင်းပမယ့် ယူရို ပြိုင်ပွဲ အုပ်စု (E) မှာ ခြောက်မှတ်အသာရရှိထားပြီဖြစ်ပါတယ်။


ကောင်းမြတ်သူ-စုစည်းသည်။

No comments:

Post a Comment