Tuesday, March 3, 2015

ဧရာဝတီအသင်း အိမ်ကွင်း၌ နိုင်ပွဲထပ်မံရယူ




ရန်ကုန် မတ် ၂

၂ဝ၁၅ MNL အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၈)နောက်ဆုံးနေ့ပွဲစဉ်များကို ယနေ့ညနေ ၃ နာရီခွဲက ပုသိမ်မြို့ရှိ ကျောက်တိုင်ကွင်း၌ ယှဉ်ပြိုင်ကစားသည်။
ဧရာဝတီ - နှစ်ဂိုး
(နေလင်းထွန်းနှင့် သီဟဇော်)
ရတနာပုံ - တစ်ဂိုး
(ရဲကိုဦး)
ယခုပွဲမှာ AFC Cup ပြိုင်ပွဲကစားခဲ့သည့် နှစ်သင်းဖြစ်၍ တစ်ရက်နောက်ဆုတ်ကစား ခြင်းဖြစ်ပြီး ဧရာဝတီတို့ အိမ်ကွင်း၌ နိုင်ပွဲ ထပ်မံရယူနိုင်ခဲ့သည်။ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသည့် ရတနာပုံအသင်း ရှုံးပွဲထပ်မံ ရင်ဆိုင်ခဲ့ရပြီး ဒုတိယမြောက် MNL ရှုံးပွဲဖြစ်ခဲ့သည်။
ဧရာဝတီအသင်း(ဝဲပုံ)တွင် ဒဏ်ရာပြဿနာရှိနေသည့် မင်းမင်းသူမှလွဲ၍ လူစုံပါဝင်ခဲ့ပြီး ရတနာပုံအသင်းမှာ ဒဏ်ရာရကစားသမား များပြားနေသောကြောင့် နိုင်ငံခြားသားတစ်ဦးသာပါဝင်ခဲ့ပြီး ရန်ပိုင်၊ ဇော်လင်းထွန်း၊ သီဟစည်သူတို့ဖြင့် ပွဲထွက်ခဲ့သည့် ပထမပိုင်းတွင် ဧရာဝတီအသင်းကစားပုံပိုကောင်းခဲ့ပြီး ၃၅ မိနစ်တွင် နေလင်း ထွန်း၊ ၃၇ မိနစ်တွင် သီဟဇော်တို့က နှစ်ဂိုးဆက်သွင်းပေးခဲ့သည်။ ရတနာပုံအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၈၅ မိနစ်တွင် ရဲကိုဦးက သွင်းယူခဲ့သည်။
ပွဲစဉ်(၈)အပြီးတွင် ရန်ကုန်အသင်းက ရှစ်ပွဲကစား ရှစ်ပွဲအနိုင်ရကာ ၂၄ မှတ်ဖြင့်ထိပ်ဆုံးတွင် ဦးဆောင်နေပြီး ဧရာဝတီအသင်းက ခုနစ်ပွဲကစား ၁၉ မှတ်၊ မကွေးအသင်းနှင့် ကမ္ဘောဇအသင်းတို့က ရှစ်ပွဲကစား ၁၅ မှတ်စီ၊ ရတနာပုံအသင်းက ခုနစ်ပွဲကစား ၁၃ မှတ်၊ ချင်းယူနိုက်တက်အသင်းက ခုနစ်ပွဲကစား ၁ဝ မှတ် ရရှိထားသည်။
သတင်းနှင့်ဓာတ်ပုံ- ရှိုင်းထက်ဇော်

No comments:

Post a Comment