Tuesday, March 3, 2015

လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက်




 နေပြည်တော် မတ် ၂

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC-II)သို့ရောက်ရှိပြီး တောင်သူလယ်သမားနေ့အခမ်းအနားတွင် ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တောင်သူလယ်သမားနေ့ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ၏ လက်မှုလယ်ယာမှ စက်မှုလယ်ယာ သို့ ကူးပြောင်းရေးအတွက် ခင်းကျင်းပြသထားသည့် ကိုရီးယားနိုင်ငံမှ ထုတ်လုပ်သည့် လယ်ယာသုံးစက်ကိရိယာများ၊ မြေပဲ၊ အာလူး၊ ကြက်သွန်၊ ချင်း၊ ကန်စွန်းဥ၊ ပိန်းဥများကို တူးဖော်သည့်(Multi Purpose Root-Crop Harvestor) ခေတ်မီစက်ကိရိယာများ၊ လယ်ယာမြေပြုပြင်ရာတွင် အသုံးပြုသော မြေတူးစက်၊ မြေထိုးစက်၊ မြေသယ်ယာဉ်၊ ဝန်ချီယာဉ်၊ ရေစိမ့်တားနံရံတူးစက်၊ မြေကြိတ်စက်နှင့် အအေးခန်းစနစ်ပါ သယ်ပို့ယာဉ်များ၊ ခေတ်မီစက်ကိရိယာများ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)မှ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုတိယအသုတ်ပေးပို့ ရောက်ရှိလာသော ခေတ်မီကူဘိုတာလယ်ထွန်စက်များနှင့် ကူဘိုတာ ရိတ်သိမ်းခြွေလှေ့စက်များကို ကဏ္ဍတစ်ခုချင်းအလိုက် ကြည့်ရှုအားပေးရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြ သည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူနေမှုဘဝတိုးတက်ရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် တောင်သူ လယ်သမားနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားတောင်သူလယ်သမား ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
ယင်းနောက် ပြခန်းခန်းမဆောင်အတွင်း ခင်းကျင်းပြသထားသည့် ပြိုင်ပွဲဝင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အမယ်အမျိုးမျိုးကိုလည်းကောင်း၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်ထားသည့် မြန်မာ့လယ်ယာ ထွက်ကုန်များကိုလည်းကောင်း ကြည့်ရှုအားပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဌာန(IRRI)jပြခန်း၌ ပြသထားသည့် မြန်မာနိုင်ငံ၏ ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီသော အထွက်ကောင်းမျိုးစပါး၊ ရေငတ်ခံစပါး၊ ရေမြုပ်ခံ စပါး၊ ဆားငန်ဒဏ်ခံစပါးများကို ကြည့်ရှုပြီး နိုင်ငံ၏ အဓိက စားသုံးသီးနှံအမယ်ဖြစ်သော ဆန်စပါးဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမို တိုးမြှင့် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ မြန်မာ့သစ်သီးဝလံများကို အဆင့်မြှင့် တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ နိုင်ငံခြား ဈေးကွက်သို့ တင်ပို့ရောင်းချနေသည့် မာလာမြိုင်ကုမ္ပဏီ ပြခန်းသို့ရောက်ရှိပြီး သစ်သီးဝလံအမျိုးမျိုးအား အဆင့်မြင့် ထုပ်ပိုးထားရှိမှု၊ တန်ဖိုးမြင့်ကုန်ချောအဖြစ် ထုတ်လုပ်မှုများကို ကြည့်ရှုကာ မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာ စံချိန်စံညွှန်းမီတန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်၍ နိုင်ငံတကာဈေးကွက်သို့ ဈေးနှုန်းခိုင်မာစွာဖြင့် တိုးချဲ့တင်ပို့နိုင်ရေး မှာကြားသည်။
ထို့နောက် မြန်မာ့လယ်ယာစီးပွားရေးအများပိုင် လီမိတက်၏ ခေတ်မီအဆင့်မြင့် ဆန်စက်တည်ဆောက်မှုစီမံ ကိန်းများ၊ မြန်မာ့သြဘာကုမ္ပဏီ၏ စိုက်ပျိုးရေးသုံး သွင်းအားစု ပစ္စည်းများပြခန်း၊ မြန်မာနယူးဧရာကုမ္ပဏီ၏ ဓာတုကင်းလွတ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုပြခန်း၊ မြန်မာဘဲလ်ကုမ္ပဏီ၏ လယ်ယာထွက်ကုန်များ အဆင့်မြင့်ကုန်ချောအဖြစ် ထုတ်လုပ်မှု ပြခန်း၊Big–Mကုမ္ပဏီ၏ နိုင်ငံခြားဈေးကွက်ဝင် သီးနှံအမယ်များပြခန်း၊ Agro Product ကုမ္ပဏီ၊ East West ကုမ္ပဏီ၊ International Agro ကုမ္ပဏီတို့၏ အထွက် နှုန်းကောင်း၊ အရည်အသွေးကောင်း ဈေးကွက်ဝင် မျိုးကောင်းမျိုးသန့်မျိုးစေ့ အရောင်းပြခန်းများကို ကြည့်ရှုသည်။
ထိုမှတစ်ဆင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ရေအရင်းအမြစ်ဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနနှင့်ွှနခ့ညသ ဠေူကန ကုမ္ပဏီ၊ လှည်းယာဉ်ကုမ္ပဏီ၊ ကျွဲခေါင်းကုမ္ပဏီ၊ အာနန္ဒာကုမ္ပဏီ တို့၏ ပြခန်းများ၊ စက်မှုလယ်ယာဦးစီးဌာနပြခန်းနှင့် စိုက်ပျိုးရေးဦးစီးဌာန၏ မြန်မာနိုင်ငံ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုပြခန်းများကို ကဏ္ဍတစ်ခုချင်းစီအလိုက် ကြည့်ရှုအားပေးခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment