Sunday, March 1, 2015

အာဖဂန်နစ္စတန် ဒေသအများအပြား၌ ရာသီဥတုဆိုးရွားမှုကြောင့် လူ ၂ဝဝ ကျော် သေဆုံး



ကဘူး ဖေဖော်ဝါရီ ၂၈
အာဖဂန်နိုင်ငံနယ်မြေ အများအပြားတွင် ဆီးနှင်းခဲ ပြိုကျမှုများနှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့မှုကြောင့် သေဆုံးရသူဦးရေ ၂ဝဝ ကျော်ရှိကြောင်း၊ ပြင်းထန်သော ဆောင်းဥတုဆက်လက်ဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် အခက်အခဲများရှိခြင်းကြောင့် သေဆုံးသူဦးရေ ထပ်မံတိုးလာနိုင်ဖွယ်ရှိကြောင်း ကယ်ဆယ်ရေးလုပ်သားများနှင့် ကုလသမဂ္ဂတာဝန်ရှိ သူများက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားကြ သည်။
အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ မြောက်ပိုင်းဒေသများ၌ ရက်ပေါင်းအတန်ကြာမျှ ရာသီဥတုဆိုးရွားလျက်ရှိကြောင်း၊ နိုင်ငံ၏ ပြည်နယ် ၃၄ ခု အနက် ၁၈ ခုထက်မနည်းတွင် ရာသီဥတုဆိုးရွားမှုကြောင့် လူပေါင်း ၂၂၉ ဦး သေဆုံးခဲ့ရသည်ဟု သတင်းပေးပို့မှု ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ရေးရာ ညှိနှိုင်းရေးရုံးက ပြောကြားသည်။
ဆီးနှင်းခဲများ ပြိုကျမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သူ လူ ရာပေါင်းများစွာ ရှိသည်။ ယခုရက်သတ္တပတ်အစောပိုင်းက ဆီးနှင်းမုန်တိုင်း တိုက်ခတ်မှုများဖြစ်ပွားခဲ့မှုကြောင့် လမ်းများပေါ်တွင် ဆီးနှင်းထုဖွဲ့စည်းဖြစ်ပေါ်နေပြီး သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပြတ်တောက်ခဲ့ရ သည်။
ပီတီအိုင်။

No comments:

Post a Comment