Sunday, March 1, 2015

အိန္ဒိယရထားလုပ်ငန်း ခေတ်မီတိုးတက်ရေး အမေရိကန်ဒေါ်လာ ၁၃၇ ဘီလီယံသုံးစွဲမည်



နယူးဒေလီ ဖေဖော်ဝါရီ ၂၈
အိန္ဒိယနိုင်ငံသည် ရထားလုပ်ငန်း ခေတ်မီတိုးတက်ရေး အစီအစဉ် အတွက် အမေရိကန်ဒေါ်လာ ၁၃၇ ဘီလီယံသုံးစွဲမည်ဖြစ်ကြောင်း ရထား လုပ်ငန်းဝန်ကြီး ဆူရပ်ဘရာဘူက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြား သည်။
အိန္ဒိယနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ရထားလမ်း ကွန်ရက် ခေတ်မီတိုးတက်ရန်လိုအပ် ကြောင်း၊ လာမည့်ငါးနှစ်တာ ကာလ အတွင်း ရထားလမ်းကွန်ရက် ခေတ်မီတိုးတက်စေရေးအတွက် ရူပီး ၈ ဒသမ ၅ ထရီလီယံ (အမေရိကန် ဒေါ်လာ ၁၃၇ ဘီလီယံ) သုံးစွဲရန် လျာထားကြောင်း ရထားလုပ်ငန်း ဝန်ကြီးက ပြောကြားသည်။
အိန္ဒိယနိုင်ငံ၏ ရထားခရီးစဉ်များ ဘေးအန္တရာယ်လုံခြုံမှုကောင်းမွန်စေရေးအတွက် ကြိုးပမ်းဆောင်ရွက် မည်ဟု ၄င်းက ကတိပြုသည်။
ရထားလမ်းများကို တိုးချဲ့ဖောက်လုပ်သွားမည်ဖြစ်ပြီး အဓိကကျသော ရထားလမ်းများကို အသုံးပြုသည့် ခရီးစဉ်များအတွက် ခုတ်မောင်းသည့် အမြန်နှုန်းကို မြှင့်တင်သွားနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း၊ ဘူတာရုံ များတွင် ရထားစီးခရီးသည်များ ဝိုင်ဖိုင် အင်တာနက်ဆက်ကြောင်း အသုံးပြုနိုင်စေရန် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ၄င်းက ပြောကြား သည်။
ရထားခရီးစဉ်များ တိုးတက် ကောင်းမွန်စေမည်ဖြစ်သော်လည်း ရထားခကို တိုးမြှင့်ကောက်ခံမည် မဟုတ်ကြောင်း ¤င်းက ပြောကြား သည်။
ပီတီအိုင်။

No comments:

Post a Comment