Tuesday, March 3, 2015

တိုက်စစ်မှူးဒီမာရီယာမှာ မန်ယူအတွက် ကစားသမားကောင်းဖြစ်လာမည်ဟု ရွန်းနီဆို





မန်ယူတိုက်စစ်မှူး ဒီမာရီယာမှာ လက်ရှိတွင် ပုံမှန်ခြေစွမ်းပြန်လည်ရရှိရန် ရုန်းကန်နေရသော်လည်း မန်ယူအသင်းအတွက် ကစားသမားကောင်းတစ်ဦး ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း မန်ယူအသင်းခေါင်းဆောင် ရွန်းနီကထုတ်ဖော် ပြောကြားလိုက်သည်။
တိုက်စစ်မှူး ဒီမာရီယာသည် ရီးယဲလ်မက်ဒရစ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေးပေါင် ၅၉ ဒသမ ၇ သန်းဖြင့် စတင်ရောက်ရှိလာချိန်က ခြေစွမ်းကောင်းများ ပြသနိုင်ခဲ့သော်လည်း လက်ရှိတွင်မူ ယခင်ပုံမှန်ခြေစွမ်း အတိုင်းပြန်လည်ရရှိရန် ကြိုးပမ်းနေရသူဖြစ်သည်။
အသက်(၂၇)နှစ်အရွယ်ရှိ တိုက်စစ်မှူး ဒီမာရီယာသည် မန်ယူအသင်းက ဆန်းဒါးလန်းအသင်းအား နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ကောင်း မွန်သည့်ခြေစွမ်းမရရှိခဲ့ခြင်းကြောင့် လူစားလဲကစားခံခဲ့ရသည်။
''ဒီမာရီယာဟာ ကစားသမားကောင်းတစ်ဦးပါ။ ပုံမှန်ခြေစွမ်းပြန်လည်ရရှိဖို့ နီးစပ်နေပြီလို့ဆိုချင်ပါတယ်။ အခုလည်း မန်ယူအသင်းနဲ့အတူ ပရီမီယာလိဂ် ၁၉ ပွဲကစားခဲ့ရာမှာ သုံးဂိုးသွင်းယူထားသူတစ်ဦးပါ''ဟု မန်ယူအသင်းခေါင်းဆောင် ရွန်းနီက ပြောကြားခဲ့သည်။
(နိုင်လင်းကြည်)

No comments:

Post a Comment