မတ် ၁ ရက်ညပိုင်းက ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဗီလာရီးယဲလ်အသင်း တို့
တစ်ဖက်တစ်ဂိုးစီသရေပွဲဖြစ်ခဲ့သည့် ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်း နည်းပြ
အန်ဆယ်လော့တီသည် အစ္စကိုအားလူစားလဲခဲ့ပြီး ယင်းသို့လုပ်ဆောင် ခဲ့ခြင်းအပေါ်
ရီးယဲလ်ပရိသတ်များ နားလည်မပေးနိုင်ပါက မိမိအတွက် ပြဿနာတစ်ရပ်မဟုတ်ကြောင်း
အန်ဆယ်လော့တီက ကာကွယ်ပြောကြား ခဲ့သည်။
ယင်းပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီသည်
ကွင်းလယ်ကစားသမားအစ္စကို၏ နေရာတွင် အီလာရာမန်ဒီကို ထည့်သွင်း
အသုံးပြုခဲ့ခြင်းဖြစ်သည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် တိုက်စစ်မှူး စီရိုနယ်လ်
ဒို၏ ပင်နယ်တီသွင်းဂိုးဖြင့် အိမ်ကွင်းတွင်
ဦးဆောင်ဂိုးစတင်ရရှိခဲ့သော်လည်း ပွဲကစားချိန် ၆၄ မိနစ်တွင်
ဧည့်သည်ဗီလာရီးယဲလ်အသင်းကို ချေပဂိုးပြန်လည် သွင်းယူခွင့်ပြုလိုက်ရပြီး
တစ်ဖက်တစ်ဂိုးစီသရေရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။
ထိုသို့ အိမ်ကွင်းတွင် တစ်ဖက်တစ်ဂိုးစီသရေဖြစ်ခဲ့မှုမှာ ကွင်းလယ်ပိုင်းတွင် အစ္စကိုနေရာတွင် အီလာရာမန်ဒီကို အစားထိုးခဲ့ခြင်းကြောင့်ဟု နည်းပြအန် ဆယ်လော့တီအပေါ် နားမလည်ဖြစ်ခဲ့ရပြီး နည်းပြအန်ဆယ်လော့တီကမူ အဆိုပါအစ္စကိုနေရာတွင် အီလာရာမန်ဒီအား လူစားလဲခဲ့ခြင်းမှာ အသင်းအတွက် ကောင်းမွန်သည့်ရလဒ်တစ်ခုထွက်ပေါ်လာမည်ဟု ယုံကြည်ခဲ့ ခြင်းကြောင့်သာ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချခဲ့ခြင်းဖြစ်ကြောင်း နည်းပြအန်ဆယ်လော့တီက သူ၏ဆုံးဖြတ်ချက်အပေါ် ကာကွယ်ပြောကြား သွားခဲ့သည်။
(ငွေကြယ်)

No comments:
Post a Comment