Tuesday, March 31, 2015

ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံ များသို့ ချစ်ကြည်ရေးခရီးထွက်ခွာ



 

ရန်ကုန် မတ် ၃ဝ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ ဒီမိုကရက် တစ် သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဘွန်ညံဗိုရာ ချစ်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆမ် ဒက် ဟွန်ဆင်တို့၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ များသို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် ယနေ့နံနက် ၇ နာရီ မိနစ်၎ဝတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
ဒုတိယသမ္မတနှင့်ဇနီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီး များ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ် ကြီး မစ္စတာ ဆင်းဗန်ဗု၊ မြန်မာနိုင်ငံဆိုင်ရာ လာအို နိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံ မစ္စတာ အင်သာစုန် သီရာကူးလ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန် ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ဒုတိယသမ္မတနှင့် ဇနီးနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဦးကျော်ကျော်ဝင်း၊ ဦးမော်သာထွေး၊ ဒေါ်စန္ဒာခင်၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်းနှင့် တာဝန်ရှိသူများ လိုက်ပါ သွားကြသည်။
(သတင်းစဉ်)

No comments:

Post a Comment