Sunday, March 1, 2015

မြေနီကုန်းခုံးကျော်တံတား ၈၅ရာခိုင်းနှုန်းပြီးစီး မတ်လအကုန်၌ ယာဉ်များသွားလာမှုပြုနိုင်မည်

'မြေနီကုန်းခုံးကျော်တံတား ၈၅ရာခိုင်းနှုန်းပြီးစီး မတ်လအကုန်၌ ယာဉ်များသွားလာမှုပြုနိုင်မည်

ရန်ကုန်   ဖေဖော်ဝါရီ   ၂၈

မြေနီကုန်း    ခုံးကျော်တံတား တည်ဆောက်မှုသည် ယခုဖေဖော်ဝါရီ လအကုန်၌ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း တံတားတည်ဆောက်ရေး  စီမံကိန်းမန်နေဂျာ ဦးသက်လင်းက မြန်မာ့အလင်းသတင်းအဖွဲ့သို့ ပြောကြားခဲ့သည်။

ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့နိုင်ရေးအတွက် လှည်းတန်းခုံးကျော်တံတား၊ ဘုရင့်နောင်ခုံးကျော်တံတား၊ရွှေဂုံတိုင် ခုံးကျော်တံတားများကို တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။

ယခုအခါ စတုတ္ထမြောက်ခုံးကျော် တံတားတစ်စင်းအဖြစ် မြေနီကုန်း၌ တည်ဆောက်လျက်ရှိနေပြီ ဖြစ်သည်။မကြာမီ   ဖွင့်လှစ်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

စီမံကိန်းဒါရိုက်တာ ဦးသက်လင်းက ''မတ်လအကုန်လောက်မှာ ယာဉ်တွေသွားလာနိုင်တော့မှာပါ''ဟု အတည်ပြုပြောကြားခဲ့သည်။

မြေနီကုန်း  ခုံးကျော်တံတားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်  Capital Development  မှ တာဝန်ယူတည် ဆောက်နေခြင်းဖြစ်သည်။

တံတားတည်ဆောက်ရန်   မြေတိုင်းတာမှုကို ၂ဝ၁၄ သြဂုတ် ၁၃ ရက်တွင်ပြုလုပ်ခဲ့ပြီး ပန္နက်တော်တင် 

မင်္ဂလာအခမ်းအနားကို စက်တင်ဘာ ၆ ရက်က ကျင်းပခဲ့သည်။

ဗားကရာလမ်းမကြီးကို   ဖြတ်ကျော်လျက်  ပြည်လမ်းမကြီးပေါ်မှ မြောက်မှတောင်သို့   အလျားလိုက် တည်ဆောက်ထားခြင်းဖြစ်သည်။ တံတားဧရိယာသည် ဒဂုံစင်တာရှေ့မှ ပြည်သူ့ဥယျာဉ်အထိဖြစ်ပြီး အရှည်ပေ ၂၃၁ဝ  ကျော်ရှိသည်ဟု  သိရသည်။

တံတားအကျယ်မှာ  ၄၈ ပေရှိ မည်ဖြစ်ပြီး   ယာဉ်လေးစီးတစ်ပြိုင်တည်းသွားလာနိုင်မည်ဟုဆိုသည်။မြေပြင်မှ  ကင်းလွတ်အမြင့်သည် ၁၃ ပေ ဒသမ ၁၂ ရှိပြီး တံတား၏  ခံနိုင်ဝန်မှာ ၇၅ တန်အထိဖြစ်ကြောင်း သိရသည်။

တံတားတည်ဆောက်စဉ်ကာလတွင် မြေနီကုန်းဧရိယာတစ်ဝိုက်၌ ယာဉ်ကြောကျပ်တည်းမှုများ ရှိနေသည်။  ဗားကရာလမ်းဆုံမှသည် တော်လှန်ရေးပန်းခြံ၊  ဦးဝိစာရမီးပွိုင့်အထိ  ကားတန်းရှည်ကြီး နေ့စဉ်ဖြစ်ပေါ်လျက်ရှိနေသည်။ တော်လှန်ရေးပန်းခြံဘက်မှလာပါက မြေနီကုန်း မီးပွိုင့်လွတ်ရန် နှစ်ကြိမ်၊  သုံးကြိမ်ထက်မနည်း  စောင့်ဆိုင်းမောင်းနှင်နေကြရသည်ကို တွေ့ရသည်။
 
ထို့အတူ ပြည်လမ်းမပေါ် မြေနီကုန်းမှ   ဟံသာဝတီအဝိုင်းအထိ  ယာဉ်ကြောတောင့်ခံနေဆဲ   ဖြစ်သည်။ သို့သော်တံတားကြီး တည်ဆောက်ပြီးပါက ဗားကရာလမ်းကြောသည်လည်းကောင်း၊ ပြည်လမ်းကြော သည်လည်းကောင်း  ယခုထက်ပိုမို အဆင်ပြေစွာမောင်းနှင်နိုင်ကြတော့ မည်ဖြစ်ကြောင်း သုံးသပ်ကြသည်။

သတင်း-တင်ဝင်းလေး(ကြည့်မြင်တိုင်)
ဓာတ်ပုံ-မြင့်အောင်(စက်မှုဆေးဝါး)'

ဓာတ်ပုံ-မြင့်အောင်(စက်မှုဆေးဝါး)

No comments:

Post a Comment