Sunday, March 1, 2015

ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း စီမံခန့်ခွဲမှု မြှင့်တင်ရေးဆွေးနွေး



'ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း စီမံခန့်ခွဲမှု မြှင့်တင်ရေးဆွေးနွေး
=========================================

မြဝတီ  ဖေဖော်ဝါရီ  ၂၈

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ သောင်ရင်းခန်းမတွင် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ  စီမံခန့်ခွဲမှုစွမ်းရည်မြှင့်တင်ရေး အလုပ်ရုံ
ဆွေးနွေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

ယင်းနေ့က ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဖြစ်စဉ်နှင့် ကြုံတွေ့ရနိုင်သည့် အခွင့်အလမ်းနှင့် အခက်အခဲများ ဘေးအန္တရာယ်ကင်းစွာဖြင့် ရွှေ့
ပြောင်းသွားလာနိုင်ရန်အတွက် ဆောင်ရွက်သင့်သည့် လုပ်ဆောင်ချက်များ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲရလဒ်နှင့် ပတ်သက်၍ ပြန်လည်သုံးသပ် တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က 
ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးကာကွယ်မြှင့်တင်ခြင်းနှင့် ပတ်သက်၍ ဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး  ဆွေး
နွေးတင်ပြခဲ့သည်။

ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး IOM  မှ Liaison and Programme Officer ဦးအောင်ကျော်သန်းက အလုပ်ရုံဆွေးနွေးပွဲ ကျင်း
ပရခြင်း၏   ရည်ရွယ်ချက်ကို  ရှင်းလင်းပြော ကြားခဲ့သည်။

ထိန်လင်းအောင်(ပြန်/ဆက်)'

မြဝတီ ဖေဖော်ဝါရီ ၂၈

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ သောင်ရင်းခန်းမတွင် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုစွမ်းရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

ယင်းနေ့က ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဖြစ်စဉ်နှင့် ကြုံတွေ့ရနိုင်သည့် အခွင့်အလမ်းနှင့် အခက်အခဲများ ဘေးအန္တရာယ်ကင်းစွာဖြင့် ရွှေ့ ပြောင်းသွားလာနိုင်ရန်အတွက် ဆောင်ရွက်သင့်သည့် လုပ်ဆောင်ချက်များ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲရလဒ်နှင့် ပတ်သက်၍ ပြန်လည်သုံးသပ် တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က
ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးကာကွယ်မြှင့်တင်ခြင်းနှင့် ပတ်သက်၍ ဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ဆွေး နွေးတင်ပြခဲ့သည်။

ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး IOM မှ Liaison and Programme Officer ဦးအောင်ကျော်သန်းက အလုပ်ရုံဆွေးနွေးပွဲ ကျင်း ပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြော ကြားခဲ့သည်။

ထိန်လင်းအောင်(ပြန်/ဆက်)

No comments:

Post a Comment