Tuesday, March 3, 2015

ဟိုပုံးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ၃၉ဝ နှင့် ဘိန်းစိမ်း ၁၈ ဒသမ ၅၁၆၅ ကီလို သိမ်းဆည်းရမိ




 နေပြည်တော် မတ် ၂

မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက်က ဟိုပုံးမြို့နယ် ဖာလိုင်းရွာ ဘုန်းကြီး ကျောင်းအနီး ဟိုပုံး-တောင်ကြီးသွား ကားလမ်းတွင် ဟိုပုံးမှ တောင်ကြီးသို့ ခွန်မောင်ဖြူ(ခ)မောင်ဖြူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဆိုင်ကယ် တူးဘောက်စ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၇၄ဝ အား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြား ၇၉၂ဝ၊ ဘိန်းစိမ်း ၁၈ ဒသမ ၅၁၆၅ ကီလိုနှင့် ယာဉ်အမှတ် 3G/... CRV အမျိုးအစား အဖြူရောင် မော်တော်ယာဉ်တို့ကို သိမ်းဆည်းရမိ ခဲ့သဖြင့် ခွန်မောင်ဖြူ(ခ) မောင်ဖြူ (၂၄)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(မူးယစ်ဗဟို)

No comments:

Post a Comment