Monday, March 2, 2015

အပစ်ရပ်စဲရေး သဘောတူညီထားသော်လည်း ယူကရိန်းအရှေ့ပိုင်း၌ ပကျပဋိပက္ခထပ်မံဖြစ်ပွား

'အပစ်ရပ်စဲရေး သဘောတူညီထားသော်လည်း ယူကရိန်းအရှေ့ပိုင်း၌ ပကျပဋိပက္ခထပ်မံဖြစ်ပွား

ကိယက်ဗ်  မတ်  ၁

မကြာသေးမီကပင်   နှစ်ဖက်တပ်ဖွဲ့ဝင်များအကြား  အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုပြုလုပ်ထားသော်လည်း  ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားထောက်ခံသော   အင်အားစုများနှင့်ယူကရိန်းတပ်ဖွဲ့ဝင်များအကြား  ပဋိပက္ခများ  ဖြစ်ပွားခဲ့ရာ  နှစ်ဦးသေဆုံးသွားကြောင်း   သိရသည်။

ဒိုနက်စ်    လေဆိပ်အနီးရှိ ပက်စကီကျေးရွာ၌ ဖြစ်ပွားသည့် ဗုံးကြဲတိုက်ခိုက်မှုတွင်  သတင်းစာဆရာ ဆာဂျီနီကိုလာယက်ဗ်  အသက်ဆုံးရှုံးခဲ့ရပြီး  အဆိုပါဖြစ်ရပ်သည် ဖေဖော်ဝါရီလ   အစောပိုင်းက ဘီလာရုစ်၌  အပစ်ရပ်သဘောတူစာချုပ်ကို   အတည်မပြုရသေးမီ ကြီးမားသည့်    ပဋိပက္ခတစ်ရပ်ပင်ဖြစ်သည်ဟု     ယူကရိန်းပိုင် Segodnya  သတင်းစာ၌ ဖော်ပြသည်။ ထပ်မံဖြစ်ပွားခဲ့သည့် ပဋိပက္ခ၌ ယူကရိန်းအမျိုးသားရေးလှုပ်ရှားမှု    အဖွဲ့အစည်းက ၎င်းတို့အဖွဲ့ဝင်တစ်ဦး    ကျဆုံးသွားကြောင်းပြောခဲ့သည်။

ပဋိပက္ခဖြစ်ပွားရာဒေသမှ လက်နက်ကြီးများကို ရုပ်သိမ်းနေ သည်ဟု နှစ်ဖက်အုပ်စုက   အခိုင်အမာ    ပြောဆိုနေသည့်ကြားမှ  တိုက်ခိုက်မှုများ   ဖြစ်ပွားလာခြင်းဖြစ်သည်။   
          
(ပရက်စ်တီဗွီ)'

(ပရက်စ်တီဗွီ)
 
No comments:

Post a Comment