Thursday, March 5, 2015

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ပြည်သူများအပန်းဖြေလေ့လာနိုင်




ရန်ကုန် မတ် ၎



ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ်အတွင်းရှိ တိုင်းရင်းသား ကျေးရွာတွင် ပြည်သူများအပန်းဖြေ ကြည့်ရှုလေ့လာနိုင်ရန်အတွက် စတင် ဖွင့်လှစ်ကတည်းက တိုင်းရင်းသားများ၏ ရိုးရာအမွေအနှစ်များ၊ နေထိုင် စားသောက်မှု၊ ဝတ်စားဆင်ယင်မှု၊ ရိုး ရာအိမ်နှင့် အခင်းအကျင်းများ၊ ရိုးရာ အသုံးအဆောင်နှင့် တူရိယာပစ္စည်း များအား ခင်းကျင်းပြသထားသည်။
ထို့အပြင် ကျေးရွာအတွင်း လမုတောဥယျာဉ်အတွင်းရှိ မြေနေရာ များတွင် ကမ်းရိုးတန်းသွားရေယာဉ် (MV-703)ပြသနိုင်ရန်နှင့် မြစ်ပြင် ရှုခင်းများကို ကြည့်ရှုလေ့လာနိုင်မည့် အပန်းဖြေနေရာများအပြင် ရှေး ဟောင်းမီးရထားစက်ခေါင်းတွဲကို ခင်းကျင်းပြသနိုင်ရန်အတွက်ပါ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်သူများအပန်းဖြေလေ့လာနိုင် ရန်အတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုင်း ရင်းသားရိုးရာအမွေအနှစ်များကို ထိန်းသိမ်းပြသရသည့်အတွက် ဂုဏ်ယူနေကြရမည်ဖြစ်ကြောင်း၊ ရိုးရာ အမွေအနှစ်များကို ဆက်လက်ထိန်း သိမ်းစောင့်ရှောက်သွားကြရန်နှင့် လာရောက်လေ့လာသူဧည့်သည်များ၊ ပြည်ပဧည့်သည်များအား စိတ်ဝင်စား စွာဖြင့် ရှင်းလင်းပြသသွားရန်လိုကြောင်း၊ ရိုးရာအသုံးအဆောင်များ ပျက်စီးမှုမရှိစေရေး၊ ဒေသအလိုက် ပေါက်ရောက်သော ပန်းပင်များအား မှတ်တမ်းဓာတ်ပုံများ ချိတ်ဆွဲပြသရေး၊ အပန်းဖြေကြသူများ စိတ်ချမ်းမြေ့စေ ရေးတို့အတွက် လိုအပ်သည်များကို တိုးချဲ့လုပ်ဆောင်သွားကြရန် လိုကြောင်း မှာကြားထားသည်။
၎င်းအပြင် သာကေတမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မိကျောင်း မွေးမြူရေးစခန်း၌ သဘာဝ လွှတ်ကျောင်း မိကျောင်း မွေးမြူရေး ကန်နှင့် သားပေါက်ပြုစုထိန်းသိမ်း မွေးမြူရေးကန်များလည်း ရှိရာ မိကျောင်းမျိုးများ မျိုးဆက်မပြုန်း တီးရေး၊ ပြည်သူများနှင့် နိုင်ငံခြားခရီး သွားဧည့်သည်များ အပန်းဖြေဗဟု သုတများ ရှာမှီးနိုင်ရေး၊ မြန်မာ့ မိကျောင်းများ လှုပ်ရှားသွားလာမှု များအား ပြည်သူများသိရှိလေ့လာ နိုင်ရေးအတွက် တိုးချဲ့လုပ်ဆောင် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

(နိုင်လင်းကြည်)

No comments:

Post a Comment