ကောင်းမြတ်သူ-စုစည်းသည်
ယခုနှစ်ရာသီအတွင်း ချန်ပီယံ ဖြစ်ဖို့ရေပန်းစားနေတဲ့ ချယ်လ်ဆီး
အသင်းရဲ့နည်းပြ မော်ရင်ဟိုကသူ့ကို တစ်ချိန်တုန်းက စပါးကခေါ်ယူခဲ့ဖူး
တယ်လို့ ပြောဆိုလိုက်ပါတယ်။
၂ဝဝ၇ ခုနှစ် စက်တင်ဘာလက ချယ်လ်ဆီးအသင်းက ထွက်သွားတဲ့ အချိန်မှာ စပါးကခေါ်ယူဖို့ကြိုးစား ခဲ့တယ်လို့ မော်ရင်ဟိုကဆိုပါတယ်။ သို့ပေမယ့် စပါးအသင်းရဲ့ ကမ်းလှမ်း မှုကို မော်ရင်ဟိုကပယ်ချခဲ့တယ်လို့ဆိုပါတယ်။ ချယ်လ်ဆီးအသင်းမှ ထွက်သွားပြီးတဲ့နောက် နှစ်နှစ်အတွင်း အင်္ဂလန် ပရီမီယာလိဂ်အသင်းသို့ ပြောင်းရွှေ့ခွင့်မရှိတဲ့ အတွက်ကြောင့် လည်း စပါးနည်းပြအဖြစ် လာရောက် လုပ်ကိုင်ရန် ငြင်းဆိုခဲ့ရတယ်လို့ ဆိုပါတယ်။ ၂ဝဝ၇ ခုနှစ် အောက်တို ဘာလကစပါးနည်းပြ မာတင်ဂျိုးလ် ကိုဖြုတ်ပြီး မော်ရင်ဟိုနဲ့ အစားထိုး ဖို့ စပါးအသင်းဥက္ကဋ္ဌ ဒမ်နိုလီဗီကကြိုး စားခဲ့တယ်လို့ ဆိုပါတယ်။ မော်ရင်ဟို ကိုခေါ်ယူ၍မရသည့်အဆုံး စပိန် နည်းပြ ရာမို့စ်ကို ရွေးချယ်ခဲ့ရတယ် လို့ဆိုပါတယ်။ ၂ဝ၁၂ ခုနှစ် ဇူလိုင်လ က မော်ရင်ဟိုရဲ့ ပေါ်တိုအသင်း ကိုင်တွယ်စဉ်က လက်ထောက်နည်း ပြ ဗီးလပ်ဆိုအတ်ကို စပါးက နည်းပြ ခန့်ခဲ့ပါတယ်။ မော်ရင်ဟိုဟာချယ်လ် ဆီးသို့ ရောက်ရှိလာပြီး ပထမနှစ် အတွင်းမှာပဲ ဖလားနှစ်လုံး ဆွတ်ခူးပေးခဲ့ပြီး ယခုနှစ်မှာလည်း ချယ်လ်ဆီးနဲ့အတူ ဖလားဆွတ်ခူးဖို့ ရေပန်းစားနေပါတယ်။

No comments:
Post a Comment