Tuesday, March 3, 2015

ရေ၀ါချောင်း ချောင်းကူးတံတားဆောက်လုပ်ရန် တံတားတည်ဆောက်မည့် မြေနေရာရွေးချယ်သတ်မှတ်



ကနီ မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး ကနီ-ချောင်းမ- မုံရွာကားလမ်း မပေါ်ရှိ ကနီမြို့အဝင်တွင် နှစ်ဖာလုံကျော် သုံးဖာလုံကျယ် သော ရေဝါချောင်းချောင်းကူးတံတား တည်ဆောက်နိုင် ရန်အတွက် တံတားတည်ဆောက်မည့်နေရာနှင့် တံတား ချဉ်းကပ်လမ်းလမ်းအူကြောင်း မြေနေရာရွေးချယ် သတ်မှတ် ခြင်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တံတားဆောက်လုပ်မည့် ရေဝါချောင်းမှာ ကနီ မြို့နှင့် မိုင်နှစ်ဆယ်ကျော်ဝေးကွာသော မဟူရိုးမတောင်တန်း မှ အဖျားခံကာ အရှိန်အဟုန်ဖြင့်စီးဆင်းသောကြောင့် မိုးရာသီမိုးများရွာသွန်းချိန်တွင် ချောင်းရေများကျဆင်းလာ လျှင် မြို့နယ်အတွင်းမှ ပြည်သူများခရီးသွားလာရန် အလွန် ခက်ခဲကြောင်း၊ ကားများ၊ ဆိုင်ကယ်များ စသည့် ယာဉ်ကြီး ယာဉ်ငယ်များ ချောင်းကိုကူးရန်ခက်ခဲသလို မြို့ပေါ်သို့ ကျောင်းသွားတက်ရသည်။ ကျောင်းသား ကျောင်းသူလေး များပါ ကျောင်းကိုသွားလာရန်လည်း ခက်ခဲကြောင်း။ ယခု တံတားဆောက်လုပ်ရန်အတွက် တံတားတည်ဆောက်မည့် နေရာနှင့် တံတားချဉ်းကပ်လမ်း လမ်းအူကြောင်းမြေနေရာ ရွေးကာ တံတားကြီးဆောက်လုပ်ပြီးစီးပါက ကနီမြို့နယ် တစ်မြို့တွင်သာမက ကနီ- ချောင်းမ- မုံရွာ ကားလမ်း တစ်လျှောက်နှင့် ကနီ -မင်းကင်း လမ်းဘေးရှိ ကျေးရွာများ ပါ သွားလာရန်လွယ်ကူ၍ ကုန်စည်စီးဆင်းမှုများ၊ ဒေသ ဖွံ့ဖြိုးတိုးတက်မှုများ လျင်မြန်စွာတိုးတက်လာပြီး ယင်း ဒေသများရှိ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး နှင့်လမ်းပန်းဆက်သွယ်ရေး စသည့်အခက်အခဲများ လွယ်ကူလာနိုင်မည်ဖြစ်သဖြင့် ပြည်သူများကလည်း ချောင်း ကူးတံတားကြီးဆောက်နိုင်ရန် လိုလားလျက်ရှိနေကြောင်း သိရသည်။

ယင်းရေဝါချောင်း ချောင်းကူးတံတားတည်ဆောက်နိုင် ရန်အတွက် တံတားတည်ဆောက်မည့်နေရာနှင့် တံတား ချဉ်းကပ်လမ်းလမ်းအူကြောင်း မြေနေရာရွေးချယ်သတ် မှတ်ခြင်းကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်ဆောက် လုပ်ရေး အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်အထောက် အကူပြုကော်မတီဝင်များ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် မြို့မိ မြို့ဖများက ညှိနှိုင်းဆွေးနွေးရွေးချယ်သတ်မှတ်ခဲ့ကြ ကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)

No comments:

Post a Comment