ပဲခူး မတ် ၂၉
ပဲခူးမြို့နယ် မြို့မရဲစခန်းအပိုင် ကလိကျေးရွာအနီး
ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ်(၅၂/၅)နှင့် (၅၂/၆) ကြားတွင် မတ်
၂၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ က ယာဉ်တစ်စီး
မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၂၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ က ပဲခူးဘက်မှ တောင်ငူဘက်သို့ စက်ဘီးများ သယ်ဆောင်လာသည့် ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော ယာဉ်အမှတ် 9E/----လိုက်ထရပ်အဖြူရောင် ယာဉ်သည် ခေါင်းခန်းအတွင်း အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ ယာဉ်ခေါင်းခန်းနှင့် သယ်ဆောင်လာသောစက်ဘီးများ မီးလောင်ကျွမ်းခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့သည်။ မီးလောင်ရာသို့ ပဲခူးမြို့မရဲစခန်း စခန်းမှူးအဖွဲ့နှင့် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်မြင့်နှင့်အဖွဲ့မှ မီးသတ်ယာဉ်တစ်စီးဖြင့် သွားရောက်ငြှိမ်းသတ်ရာ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့သည်။ သို့ဖြစ်၍ ယာဉ်မောင်းအား ပဲခူးမြို့ မြို့မရဲစခန်းက အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။
(ကြေးမုံ)

No comments:
Post a Comment