ဟင်္သာတ မတ် ၂၉
ဟင်္သာတမြို့ ကနောင်စုရပ်ကွက် မီးရထားစက်ခေါင်းရုံဝင်းအတွင်းရှိ အမှတ် (၄၁) အခြေခံပညာမူလတန်းကျောင်းဆောင် ဆောက်လုပ်ရန် မြေတူး ရာမှ ဒုတိယကမ္ဘာစစ်အတွင်း နစ်မြုပ်ခဲ့သည်ဟုယူဆရသည့် ဗုံးဆန်နှစ်လုံး တွေ့ရှိသဖြင့် မတ်၂၉ ရက် ညနေ ၅ နာရီက မြန်မာ့မီးရထားရဲစခန်းသို့ လာရောက်အပ်နှံသည်။
ဖြစ်စဉ်မှာ
ကျောင်းဆောင်ဆောက်လုပ်ရန် မြေတူးသမား ဦးလှရွှေ အသက် (၅၆)နှစ် မြေတူးနေစဉ်
အလျား ၁၂လက်မခန့်၊ လုံးပတ် ၁ဝ လက်မ ခန့်ရှိ ဗုံးဆန်တစ်လုံးနှင့် အလျား ၁၃
လက်မ၊ လုံးပတ် ၁ဝလက်မခန့်ရှိ ဗုံးဆန် တစ်လုံး စုစုပေါင်းနှစ်လုံးကို
တွေ့ရှိသဖြင့် သက်ဆိုင်ရာနယ်မြေ မီးရထား ရဲစခန်းသို့
လာရောက်အပ်နှံခြင်းဖြစ်သည်။
အဆိုပါဗုံးနှစ်လုံးကို ဟင်္သာတမြို့နယ် မြေခံခလရ (၁၈) နတ်မော်တပ်သို့ အပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)
အဆိုပါဗုံးနှစ်လုံးကို ဟင်္သာတမြို့နယ် မြေခံခလရ (၁၈) နတ်မော်တပ်သို့ အပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)
No comments:
Post a Comment