Monday, March 2, 2015

ရမည်းသင်းမြို့ လေသာဘုန်းကြီးကျောင်းတိုက်အတွင် မီးလောင်မှုဖြစ်

'ရမည်းသင်းမြို့ လေသာဘုန်းကြီးကျောင်းတိုက်အတွင် မီးလောင်မှုဖြစ်

ရမည်းသင်း  မတ်  ၁

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ လေသာကျောင်းတိုက်အတွင်းရှိ  ကျောင်း ၁၁ ကျောင်းအနက် စန္ဒာရတနာကျောင်း၌ ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီ ၄၅ မိနစ်က မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားရာ  မီးသတ် ဦးစီးအရာရှိ ဦးထွန်းနိုင်ဦး ဦးဆောင်၍သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၉ ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ဝ၊ မီးသတ် ယာဉ်ရှစ်စီး၊  မြို့နယ်စည်ပင်သာယာရေး ရေသယ်ယာဉ်တစ်စီးတို့ဖြင့်  ဝိုင်း၍ မီးငြှိမ်းသတ်ရာ ည၈ နာရီ မိနစ် ၂ဝ တွင် မီးထိန်းနိုင်ပြီး ၈ နာရီခွဲတွင် မီးငြိမ်းသည်။  ရေဂါလန်   ၆၄ဝဝ  အသုံးပြုငြှိမ်းသတ်ရကြောင်း သိရသည်။

မီးလောင်မှုကြောင့်  ငွေကျပ် ၈ဝဝဝဝ  ပျက်စီးဆုံးရှုံးခဲ့ကြောင်း မီးသတ်ဌာနမှသိရသည်။ 

မီးလောင်မှုနှင့်ပတ်သက်၍  အောင်မင်္ဂလာရပ်ကွက်နေ ဦးကျော်စိုးလွင် (၃၇ နှစ်)ကို   ရမည်းသင်းမြို့မ ရဲစခန်းက   အမှုဖွင့်အရေးယူထားကြောင်း သိရသည်။       

ရမည်းသင်းမြို့သား'

ရမည်းသင်းမြို့သား

No comments:

Post a Comment