Monday, March 30, 2015

ကိုယ်ပွားသတင်းစာတိုက်(မော်လမြိုင်)၌ လူမှုဖူလုံရေးလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး

'ကိုယ်ပွားသတင်းစာတိုက်(မော်လမြိုင်)၌ လူမှုဖူလုံရေးလုပ်ငန်းစဉ်များ 
ရှင်းလင်းဆွေးနွေး
==========================================

မော်လမြိုင်     မတ်  ၂၉

မွန်ပြည်နယ် လူမှုဖူလုံရေးအဖွဲ့မှ ပြည်နယ်တာဝန်ခံ ဒေါ်အိအိသွယ်(ဦးစီး)၊ နယ်မြေဒုတိယဦးစီးမှူးများနှင့် မောင်ငံဆေးခန်းတာဝန်ခံ ဒေါက်တာဇင်မင်းနောင်တို့အဖွဲ့သည် မတ် ၂၅ ရက်က ကိုယ်ပွားသတင်းစာတိုက် (မော်လမြိုင်) သို့ လာရောက်၍ ဝန်ထမ်းများအား ၂ဝ၁၂ လူမှုဖူလုံရေး ဥပဒေပါ စီမံကိန်းများအကြောင်း ရှင်းပြခြင်း၊ လူမှုဖူလုံရေး လုပ်ငန်းစဉ်များ၏ အကျိုးခံစားခွင့်များရရှိရန် ဆောင်ရွက်ရမည့် အသေးစိတ်အချက်အလက်များကို ရှင်းလင်းချ ပြခြင်း၊  လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားပါက ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်  အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ 

(မောင်မေတ္တာ)'

(မောင်မေတ္တာ)

No comments:

Post a Comment