Monday, March 2, 2015

လိုင်စင်များကွင်းဆင်းဆောင်ရွက်၍ ယာဉ်စည်းကမ်းသင်တန်းပေး




 နွားထိုးကြီး မတ် ၁


မြင်းခြံခရိုင် ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာန၏ အစီအစဉ်ဖြင့် မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်းစင်များ နယ်လှည့်ဆောင်ရွက်ပေးပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်း အမှတ်စဉ် ၃/၁၅ ကို ဖေဖော်ဝါရီ တတိယပတ်က နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ကက (၁) သင်တန်းသား ၇၅၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းနေ့က မြို့နယ် ဒုတိယအုပ် ချုပ်ရေးမှူး ဦးခင်မောင်သန်းက ကွင်းဆင်း ဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ယင်းနောက် ခရိုင် ကညန ဦးစီးမှူး ဦးလေးနိုင်က သင်တန်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
နွားထိုးကြီးမြို့နယ်တွင် မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင်များဆောင်ရွက်ပေးမှုသည် စတုတ္ထ အကြိမ်မြောက်ဖြစ်ပြီး သုံးလအတွင်း နှစ်ကြိမ် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ဌေးမြင့်မောင်

No comments:

Post a Comment