Monday, March 2, 2015

ဆီရာလီယွန်း ဒုတိယသမ္မတ အီဘိုလာရောဂါမကူးစက်ရေး သီးသန့်ခွဲနေ

'ဆီရာလီယွန်း ဒုတိယသမ္မတ အီဘိုလာရောဂါမကူးစက်ရေး သီးသန့်ခွဲနေ

ဆီရာလီယွန်  မတ်  ၁

ဆီရာလီယွန်း ဒုတိယသမ္မတသည် ၎င်း၏သက်တော်စောင့်တစ်ဦး အီဘိုလာဖြင့် သေဆုံးခဲ့ပြီးနောက် ၎င်းကိုယ်တိုင် ရောဂါမပြန့်ပွားရန် သီးသန့်ခွဲနေလျက်ရှိသည်။

ဒုတိယသမ္မတ ဆမ်မြူရယ်ဆမ်ဆူမာနားက ၂၁ ရက်တာအတွင်း မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ၎င်းနှင့်လာရောက် ထိတွေ့ဆက်ဆံခြင်းမပြုဘဲ နေထိုင်မည်ဟု ပြောကြားလိုက်သည်။ ဆီရာလီယွန်းတွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းအတွင်း အီဘိုလာဖြစ်ပွားမှု  ကျဆင်းသွားသည့်အနေအထားတွေ့ရသော်လည်း  မကြာသေးမီက ဖြစ်ပွားမှုတိုးလာသည့် အနေအထားတွေ့ရသည်ဟု ဆိုသည်။

အီဘိုလာဖြစ်ပွားမှုကြောင့်  လူပေါင်း ၁ဝဝဝဝ နီးပါးသေဆုံးသွားပြီဖြစ်ပြီး အများစုမှာ ဂီနီ၊ လိုက်ဘေးရီးယားနှင့်ဆီရာလီယွန်းနိုင်ငံသားများဖြစ်သည်။ ဒုတိယသမ္မတ၏ သက်တော်စောင့် ဂျွန်ကိုရိုမာသည် လွန်ခဲ့သည့်သီတင်းပတ်က အီဘိုလာဖြင့်သေဆုံးခဲ့ပြီးနောက် မစ္စတာဆမ်ဆူမာနားက ၎င်းကိုလည်း ၂၁ ရက်ကြာ သီးသန့်ခွဲထားရှိရန် ကျန်းမာရေးတာဝန်ရှိသူများအား ပြောကြားခဲ့သည်။

ဒုတိယသမ္မတက ကျန်းမာရေးအခြေအနေကောင်းနေကြောင်း၊ ရောဂါလက္ခဏာမတွေ့ရကြောင်း၊ သို့သော်လည်း ကြိုတင်ပြင်ဆင်မှုအနေဖြင့် သီးသန့်ခွဲနေပါကြောင်း  ရိုက်တာသတင်းအေဂျင်စီသို့ပြောသည်။ ထို့အတူ ၎င်း၏ဝန်ထမ်းအဖွဲ့အစည်းကိုလည်း ရောဂါရှိ မရှိစစ်ဆေးမှုများ ပြုလုပ်နေသည်ဟုဆိုသည်။ 

(ဘီဘီစီ)'

(ဘီဘီစီ)

No comments:

Post a Comment