Sunday, March 1, 2015

မကွေးအသင်း ဇေယျာရွှေမြေကို ဂိုးပြတ်သွင်း

'မကွေးအသင်း ဇေယျာရွှေမြေကို ဂိုးပြတ်သွင်း

သတင်း၊ဓာတ်ပုံ - ချစ်ကိုကို

၂ဝ၁၅ ရာသီ MNL အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၈) ပထမနေ့ပွဲစဉ်များကို ယနေ့ညနေပိုင်းက ယှဉ်ပြိုင်ကစားသည်။

(အောင်ဆန်းကွင်း)
မကွေး - ခြောက်ဂိုး
(ဆယ်လာ၊ စိုးမင်းနိုင်နှင့် ကောင်းဆက်နိုင် - နှစ်ဂိုးစီ)
ဇေယျာရွှေမြေ  - နှစ်ဂိုး    (ရိုဒရီဂူနှင့် နိုင်ဦးလွင်)

ယခုရာသီတွင်  ရလဒ်များဆိုးရွားနေသည့် ဇေယျာရွှေမြေအသင်းမှာ ယခုပွဲတွင်လည်း မကွေးအသင်းကို ဂိုးပြတ်အရှုံးပေးခဲ့ရသည်။ မကွေးအသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မကွေးအသင်းအတွက်ဂိုးများကို   (၂၁၊ ၂၂ )မိနစ်တွင်   ဆယ်လာ၊  (၅ဝ၊   ၇ဝ) မိနစ်တွင် စိုးမင်းနိုင်နှင့် (၈ဝ၊ ၉၁) မိနစ်တွင် ကောင်းဆက်နိုင်တို့က နှစ်ဂိုးစီ သွင်းယူပေးခဲ့ပြီး ဇေယျာရွှေမြေအတွက် ချေပဂိုးများကို ၅၉ မိနစ်တွင် ရိုဒရီဂူနှင့် ၈၆ မိနစ် တွင်  နိုင်ဦးလွင်တို့က သွင်းယူပေးခဲ့သည်။

(သုဝဏ္ဏကွင်း)
ချင်းယူနိုက်တက် - နှစ်ဂိုး           (မက်သယူးနှင့် ဆောင်လမန်)
ရခိုင်ယူနိုက်တက် -ဂိုးမရှိ

(ယနေ့ပွဲ) 

(တောင်ကြီးကွင်း)   ကမ္ဘောဇ - ရန်ကုန်
(အောင်ဆန်းကွင်း) မနောမြေ - ဟံသာဝတီ
(သုဝဏ္ဏကွင်း) ဇွဲကပင် - နေပြည်တော်'

(သုဝဏ္ဏကွင်း) ဇွဲကပင် - နေပြည်တော်

No comments:

Post a Comment