ပုသိမ်ကြီး မတ် ၂
မန္တလေးတိုင်းဒေသကြီး ပုသိမ် ကြီးမြို့နယ် မိုင်ကုန်းကျေးရွာ
လောကချမ်းသာ ဆုတောင်းပြည့် စေတီတော်မြတ် ဒုတိယအကြိမ် မြောက်
ဗုဒ္ဓပူဇနိယဘုရားပွဲတော် အထိမ်းအမှတ် လုပ်အားဒါနသင်္ကန်း ချုပ်ပြိုင်ပွဲကို
ဖေဖော်ဝါရီ ၂၅ ရက် က အဆိုပါဓမ္မာရုံအတွင်း၌ ကျင်းပရာ မိုင်ကုန်းကျေးရွာမှ
အမျိုးသမီး ၃၃ ဦး တက်ရောက်ယှဉ်ပြိုင်ကြသည်။
သင်္ကန်းချုပ်ပြိုင်ပွဲတွင် သင်္ကန်း တစ်စုံ (ဧကသီသင်းပိုင်)ချုပ်ရပြီး သုံးနာရီကြာယှဉ်ပြိုင်ရသည်။ ချုပ် လုပ်ပြီးသောသင်္ကန်းများကို တပေါင်း လပြည့်နေ့၌ ကျင်းပမည့် ဗုဒ္ဓပူ ဇနိယဘုရားပွဲတော်တွင် ကြွရောက် တော်မူမည့် သံဃာတော်အရှင်သူ မြတ်များအား ကပ်လှူပူဇော်သွား မည်ဖြစ်သည်။
လောကချမ်းသာ ဆုတောင်း ပြည့်စေတီတော်မြတ်ကြီးအတွင်းရှိ ကိန်းဝပ်တော်မူသော ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးသည် ၁၃၇၆ ခုနှစ် တော်သလင်းလဆန်း ၁၂ ရက် နေ့က ကိုယ်လုံးတော် မကိုဋ်တော် တို့တွင် ပြောင်းလဲမှုမရှိဘဲ မျက်နှာ တော်တွင် ရွှေရောင်ပြောင်းလဲပြီး ရောင်တော်များ ပွင့်ထွန်းတော် မူခဲ့သည့် ဗုဒ္ဓရုပ်ပွားတော်ဖြစ် ကြောင်း သိရသည်။
အောင်ကျော်ထွန်း(ပုသိမ်ကြီး)

No comments:
Post a Comment