Wednesday, March 4, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ





 နေပြည်တော် မတ် ၃

မြန်မာ-နယူးဇီလန် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၅၅ နှစ်ကျော် ရှိ၍ ကောင်းမွန်သော ဆက်ဆံရေးရှိပြီး တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးများ ပိုမိုတိုးမြှင့်ဆောင် ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တပ်မတော်အနေဖြင့် နယူးဇီလန် နိုင်ငံတွင် သင်တန်းများစေလွှတ် တက်ရောက်စေနိုင်ခြင်းဖြင့် ပူးပေါင်းဖလှယ်ဆောင်ရွက်သွားနိုင်မည်ဖြစ် ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Bruce Rata Shepherdအား လက်ခံတွေ့ဆုံရာ တွင် ထည့်သွင်းပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးလှဌေးဝင်းတို့ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီးH.E.Mr. Bruce Rata Shepherd နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နယူးဇီလန် နိုင်ငံ၏ နည်းပညာမြင့်မားမှု၊ ကောင်း မွန်သော မွေးမြူရေးနည်းစနစ် ရှိမှုတို့ကို အတွေ့အကြုံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်၍ နှစ်နိုင်ငံ အကျိုးရှိစွာ အသုံးချနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တပ်မတော်ပိုင်း ဆိုင်ရာတွင် အုပ်ချုပ်မှုပိုင်းနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာတို့၌ အတွေ့အကြုံဖလှယ်၍ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကိုးကန့်ဒေသခံ ပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် ဒေသအုပ်ချုပ်မှု အဖွဲ့အစည်းများ၊ ကြက်ခြေနီအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသ၏ တည်ငြိမ်မှုအတွက် တပ်မတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တည် ငြိမ်မှုအခြေအနေအရ နိုင်ငံတော်၏ အစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ဧည့်သည်တော် သံအမတ်ကြီးက နယူးဇီလန်နိုင်ငံအနေဖြင့် Peace Keeping လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးမြှင့်နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအဖွဲ့များ စေလွှတ်ရန်ရှိပါကြောင်း၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ စစ်သံမှူးကို မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူးအဖြစ်ထားရှိ တာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လောက်ကိုင် ဒေသရှိ ပြည်သူများအား လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဆောင်ရွက်ပေးမှု အခြေအနေများကို သိရှိလိုပါကြောင်း၊ လောက်ကိုင်ဒေသ တိုက်ပွဲများနှင့်ပတ်သက်၍ တပ်မတော် အတွက် ခက်ခဲကြမ်းတမ်းသော စိန်ခေါ်မှုဖြစ်သည်ကို နားလည်ပါကြောင်း၊ မိမိအနေဖြင့်လည်း တပ်မတော်တွင် တာဝန်ထမ်းဆောင် ခဲ့၍ တောင်ပေါ် တောတွင်းစစ်ဆင် ရေး၏ အခက်အခဲများကို သိရှိပါကြောင်းဖြင့် ပြန်လည်ဆွေးနွေး ပြောကြားသည်။
ထို့နောက် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်ရေးနှင့် စိုက်ပျိုး၊ မွေးမြူ ရေးကဏ္ဍများတွင် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးပြောကြားသည်။
နယူးဇီလန်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့သည် ၁၉၅၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် နှစ်နိုင်ငံသံတမန်ဆက်ဆံ ရေးကို စတင်ထူထောင်ခဲ့သည်။ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့၌ နယူးဇီလန်သံရုံးကို ဖွင့်လှစ်ခဲ့ပြီး ၂ဝ၁၄ ခုနှစ် အောက် တိုဘာလတွင် Mr. Bruce Rata Shepherd က သံအမတ်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ နယူးဇီလန်နိုင်ငံသည် ၁၉၇၆ ခုနှစ် ကတည်းက အာဆီယံနှင့် ဆွေးနွေး ဖက်နိုင်ငံဖြစ်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် စတင်ဆောင်ရွက်လာခြင်း၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး နှင့် မွေးမြူရေးကဏ္ဍများအတွက် အကူအညီများ ပေးအပ်လာခြင်း၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ မျက်နှာစာများတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးခြင်းများ ပြုလုပ်လာခဲ့ကြောင်း သိရသည်။

(မြဝတီ)

No comments:

Post a Comment