နေပြည်တော် မတ် ၃
(၅၃)ကြိမ်မြောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖလား တပ်မတော်
(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်
အားကစားပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲ
တွင် နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ကျင်းပရာ
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တက်ရောက်ကြည့်ရှု အားပေးပြီး ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ (က)အဆင့် ဗိုလ်လုပွဲတွင်
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်
အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ အခမ်းအနားသို့ တက်ရောက်
လာကြသူများက ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲတွင်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမြှင့်ခြင်း အခမ်း အနားကို ကျင်းပရာ တပ်မတော် (ကြည်း၊
ရေ၊ လေ) ဘောလုံးပြိုင်ပွဲတွင် (ခ)အဆင့် တတိယဆုရရှိသော အသင်း၊ (က)အဆင့်
တတိယဆု ရရှိသောအသင်း၊ (ခ)အဆင့်နှင့် (က)အဆင့်ပြိုင်ပွဲများတွင် အသန့်
ရှင်းဆုံးဆုရရှိသောအသင်းများအား တပ်မတော်အားကစားနှင့်
ကာယပညာအုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဆန်းဦးကလည်းကောင်း၊
(ခ)အဆင့်ပြိုင်ပွဲ ဒုတိယဆုရရှိသော အသင်း၊ (က)အဆင့်ပြိုင်ပွဲတွင် ဒုတိယ
ဆုရရှိသောအသင်း၊ (ခ) အဆင့်နေရာအလိုက် အကောင်းဆုံးအားကစား သမားများအား
ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေကလည်းကောင်း
ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်သည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး
လှဌေးဝင်းက တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ၊ (ခ)အဆင့် တွင်
ပထမဆုရရှိသော ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု (ဃ)အသင်း၊
(က)အဆင့်တွင် ပထမဆုရရှိသော
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းနှင့်(က)အဆင့်
နေရာလိုက်အကောင်း ဆုံးကစားသမားများအား ငွေသားဆုနှင့်
တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက်
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က
(ခ)အဆင့် ပြိုင်ပွဲတွင် ပထမဆုရရှိသောအသင်းအား တပ်မတော်ကာကွယ်ရေးဦးစီး
ချုပ်တံခွန်စိုက်ဆုဖလား၊ ကိုယ်ပွား ဆုဖလားနှင့် ငွေသားဆုများ
ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဒုတိယတပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူး
ကြီးစိုးဝင်းက တပ်မတော်(ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲ၊ (က)အဆင့်တွင်
ပထမဆုရရှိသော အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား
တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်တံခွန်စိုက်ဆုဖလား၊ ကိုယ်ပွားဆုဖလားနှင့်
ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က တပ်မတော်(ကြည်း၊ ရေ၊ လေ)
အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၉၉ ဆု၊ ငွေတံဆိပ် ၆၄ ဆုနှင့်
ကြေးတံဆိပ် ၄၅ ဆု စုစုပေါင်း ဆုတံဆိပ် ၂ဝ၈ ဆုဖြင့် ဆုအများဆုံး
ရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြုအသင်းအား
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တံခွန်စိုက်ဒိုင်းဆုနှင့် ငွေသားဆုများ
ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် စစ်ရေးပြမှူးကြီး ဦးဆောင်သော
အားကစားအသင်း ၁၇ သင်းမှ အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြ
ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်
တက်ရောက်လာကြသူများက ရင်းရင်း နှီးနှီးနှုတ်ဆက်ကြပြီး တပ်မတော် (ကြည်း၊ ရေ၊
လေ) အားကစားပြိုင်ပွဲ အား ရောင်စုံမီးရှူးမီးပန်းများ ပစ်ဖောက်၍
အောင်မြင်စွာကျင်းပပြီးစီး ခဲ့ကြောင်း သတင်းရရှိသည်။
(မြဝတီ)
No comments:
Post a Comment