Monday, March 2, 2015

ထိပ်ဆုံးမှရန်ကုန်အသင်း ရှစ်ပွဲဆက်တိုက်အနိုင်ရ






သတင်းနှင့်ဓာတ်ပုံ - ရှိုင်းထက်ဇော်



၂ဝ၁၅ ရာသီ MNL အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၈) ဒုတိယနေ့ပွဲစဉ်များကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ရန်ကုန်နှင့် ဇွဲကပင်အသင်းတို့ နိုင်ပွဲများရရှိခဲ့သည်။
(တောင်ကြီးကွင်း)
ရန်ကုန် - သုံးဂိုး
(ကြည်လင်း- နှစ်ဂိုး၊ ကျော်ကိုကို-တစ်ဂိုး)
ကမ္ဘောဇ - တစ်ဂိုး
(အာရစ်-တစ်ဂိုး)
နိုင်ပွဲဆက်နေသည့် ရန်ကုန်အသင်းကို အိမ်ကွင်း၌ ကမ္ဘောဇအသင်းကလည်း ရပ်တန့်နိုင်ခြင်းမရှိခဲ့ပေ။ ယခုပွဲတွင် တိုက်စစ်မှူး ဆီဇာ၏ ဂိုးသွင်းဆက် နေမှု ရပ်တန့်ခဲ့သော်လည်း ရန်ကုန်အသင်းမှာ ရှစ်ပွဲဆက်အနိုင်ရပြီး ထိပ်ဆုံး၌ ဆက်လက် ဦးဆောင်နိုင်ခဲ့သည်။
ရန်ကုန်အသင်းတွင် ဆီဇာ၊ ကြည်လင်း၊ ကျော်ကိုကို၊ အီမာဆင်တို့ဖြင့် လူစုံပါဝင်ခဲ့သလို ကမ္ဘောဇအသင်းတွင်လည်း ဝင်းမင်းထွန်း၊ ကျော်ဇင်ထက်၊ စိုးမင်းဦးတို့ဖြင့် လူစုံခဲ့သည်။
ရန်ကုန်အသင်းမှာ အဝေးကွင်းဖြစ်သော်လည်း အကောင်းဆုံးပုံစံကို ဆက်လက်ပြသနိုင်ခဲ့ပြီး ၃၁ မိနစ်တွင် ကြည်လင်းက ဦးဆောင်ဂိုး စတင် သွင်းယူခဲ့သည်။
ဒုတိယပိုင်းအစတွင် မော်လ်ဒိုက် လက်ရွေးစင်ကွင်းလယ်လူ အာရစ်က ကမ္ဘောဇအတွက် ချေပဂိုး ပြန်သွင်း ခဲ့သော်လည်း သရေရလဒ်ကို မထိန်းနိုင်ခဲ့ပေ။
ရန်ကုန်အသင်းမှာ ဂိုးပေးခဲ့ရ သော်လည်း ပုံစံမပျက်ခဲ့ဘဲ အနိုင်ဂိုး များကို ၆၂ မိနစ်တွင် ကျော်ကိုကို၊ ၆၅ မိနစ်တွင် ကြည်လင်းတို့က သွင်းယူပေးခဲ့သည်။
(သုဝဏ္ဏကွင်း)
ဇွဲကပင် - တစ်ဂိုး
(ဇူပရာရစ်)
နေပြည်တော် - ဂိုးမရှိ
(အောင်ဆန်းကွင်း)
မနောမြေ - တစ်ဂိုး
(အီဗရာဟင်မ်)
ဟံသာဝတီ - တစ်ဂိုး
(အောင်မျိုးသူရ)
ယနေ့ပွဲ
(ကျောက်တိုင်ကွင်း)
ဧရာဝတီ - ရတနာပုံ

No comments:

Post a Comment