Monday, March 30, 2015

အင်ဒိုနီးရှားနှင့် ခြေစမ်းပွဲအတွက် မြန်မာအသင်း လေ့ကျင့်ပြင်ဆင်

'အင်ဒိုနီးရှားနှင့် ခြေစမ်းပွဲအတွက် မြန်မာအသင်း လေ့ကျင့်ပြင်ဆင်
============================================

ရန်ကုန်    မတ်   ၂၉

မြန်မာ့လက်ရွေးစင်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ခြေစမ်းပွဲကစားရန်အတွက် မတ် ၂၈ ရက်က ထွက်ခွာသွားခဲ့ပြီး ယနေ့ နံနက်ပိုင်းမှစ၍  အင်ဒိုနီးရှားနိုင်ငံတွင် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ 

မြန်မာ့လက်ရွေးစင်အသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင်အသင်းတို့သည် မတ် ၃ဝ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံ ဆီဒိုရာဂျိုမြို့ရှိ Delta ကွင်း၌ ခြေစမ်းကစားမည်ဖြစ်သည်။ ယင်းနှစ်သင်းစလုံးမှာ ဇွန်လတွင် စတင်ကျင်းပမည့် ၂ဝ၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲ အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ပြင်ဆင်နေသည့်  အသင်းများဖြစ်ပြီး အင်ဒိုနီးရှားအသင်းမှာ မြန်မာအသင်းနှင့်မတိုင်မီ ကင်မရွန်းအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းနည်းပြချုပ် အေဗရာမိုဗစ်သည် ယခုခြေစမ်းပွဲအတွက် ဝါရင့်ကစားသမားများနှင့် မျက်နှာသစ်ကစားသမားများကို ပေါင်းစပ်ဖွဲ့စည်းထားကြောင်း သိရသည်။ 

ခြေစစ်ပွဲကစားမည့် မြန်မာ့လက်ရွေးစင်အသင်းတွင် အုပ်ချုပ်သူ ဦးတင်မြင့်အောင်၊ နည်းပြချုပ် အေဗရာမိုဗစ်၊ လက်ထောက်နည်းပြ ဆာကိုဗစ်နှင့် ဦးစိုးမြတ်မင်း၊ ဂိုးနည်းပြ ဒီနို၊ အသင်းအတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ ကစားသမားများအဖြစ် ဂိုး-ဗန်လားဟရွယ်၊ ပြည့်ဖြိုးအောင်၊  နောက်တန်း ခင်မောင်လွင်၊  အောင်ဇော်၊   ဝင်းမင်းထွဋ်၊ ရဲဝင်းအောင်၊ သိန်းနိုင်ဦး၊ ဇော်လင်း၊ အလယ်တန်း ပြည်မိုး၊  ဆောင်လမန်၊ ဟိန်းဇာအောင်၊  ဒေးဗစ်ဒန်း၊ ရန်အောင်ကျော်၊ နန္ဒလင်းကျော်ချစ်၊ ရန်အောင်ဝင်း၊ ကြည်လင်း၊  ရှေ့တန်း-ကျော်ကိုကို၊  စိုးမင်းနိုင်နှင့် ဇင်မင်းထွန်း တို့ပါဝင်ကြသည်။

သတင်းနှင့်ဓာတ်ပုံ-ချစ်ကိုကို'

သတင်းနှင့်ဓာတ်ပုံ-ချစ်ကိုကို

No comments:

Post a Comment