Monday, March 30, 2015

မာချီစီယိုဒဏ်ရာရရှိခဲ့မှုအပေါ် အီတလီနည်းပြကွန်တီ အသက်အန္တရာယ်ခြိမ်းခြောက်ခံရ



'မာချီစီယိုဒဏ်ရာရရှိခဲ့မှုအပေါ် အီတလီနည်းပြကွန်တီ
အသက်အန္တရာယ်ခြိမ်းခြောက်ခံရ
====================================

ဂျူဗင်တပ်ကစားသမား မာချီစီယိုသည် လေ့ကျင့်ရေးကွင်း၌ ဒဏ်ရာရရှိခဲ့ရာ အသင်းပရိသတ်များက အဆိုပါ ကစားသမားဒဏ်ရာရရှိခဲ့ခြင်းမှာ နည်းပြကွန်တီ၏ လေ့ကျင့်ရေးစနစ်ကြောင့်ဖြစ်သည်ဟု ယုံကြည်နေသည်။ ထို့ကြောင့် ဒေါသထွက်နေသော ပရိသတ်များက ရာသီအကုန်အထိ အနားယူရတော့မည့် အဆိုပါကစားသမားအတွက် မခံမရပ်နိုင်ဖြစ်ကာ ကွန်တီအား အသက်အန္တရာယ် ခြိမ်းခြောက်မှုပြုလာခဲ့ခြင်းဖြစ်သည်။ 

အီတလီဆေးဘက်ဝန်ထမ်းများက မာချီစီယိုအနေဖြင့်   ဒူးအရွတ်ကြောစုတ်ပြဲခဲ့ခြင်းကြောင့် ယခုနှစ် ဘောလုံးရာသီအကုန်ထိ အနားယူရမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ 

အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တာဗီချီယိုက Radio Rai နှင့် တွေ့ဆုံရာတွင်   ''မနေ့က  မာချီစီယို လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရလို့ ကွန်တီအနေနဲ့ အကြီး အကျယ်စိတ်ညစ်နေတာပါ။ ဒီမနက်ကျတော့ အင်တာနက်ကနေတစ်ဆင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုကို သူခံခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက သူဟာ ဘာအမှားမှလုပ်ခဲ့ခြင်းမရှိသလို အီတလီဘောလုံးအဖွဲ့ချုပ် အနေနဲ့လည်း သူ့ဘက်က ခိုင်ခိုင်မာမာရပ်တည်ချက်ရှိ တယ်ဆိုတာသူ့ကိုရော ပရိသတ်ကိုပါ ကျွန်တော် အသိပေးချင်ပါတယ်''ဟု ဆိုသည်။

ကွန်တီက မာချီစီယိုသည် ၎င်းဘာသာ သွေးပူလေ့ ကျင့်ခန်းလုပ်နေစဉ်အတွင်းမှာပင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ ဂျူဗင်တပ်အသင်းကမူ မာချီစီယို အနေဖြင့် ဒူးအရွတ်ကြောစုတ်ပြဲခဲ့ခြင်းမဟုတ်ဟု ထုတ်ပြန်ခဲ့သည်။ အီတလီသည် လာမည့် မတ် ၃၁ ရက်တွင် အင်္ဂလန်အသင်းနှင့် တူရကီ၌ ချစ်ကြည်ရေးခြေစမ်းပွဲကစားရမည်ဖြစ်ကာ လတ်တလောရလဒ်ပိုင်းတွင် သာမန်အောက် ရောက်ရှိနေသော အီတလီအနေဖြင့် မာချီစီယို၏ ဒဏ်ရာမှာ ခေါင်းခဲစရာ ဖြစ်ရပ်ဖြစ်လာခဲ့သည်။    (မေလဲ့သင်း)'

ဂျူဗင်တပ်ကစားသမား မာချီစီယိုသည် လေ့ကျင့်ရေးကွင်း၌ ဒဏ်ရာရရှိခဲ့ရာ အသင်းပရိသတ်များက အဆိုပါ ကစားသမားဒဏ်ရာရရှိခဲ့ခြင်းမှာ နည်းပြကွန်တီ၏ လေ့ကျင့်ရေးစနစ်ကြောင့်ဖြစ်သည်ဟု ယုံကြည်နေသည်။ ထို့ကြောင့် ဒေါသထွက်နေသော ပရိသတ်များက ရာသီအကုန်အထိ အနားယူရတော့မည့် အဆိုပါကစားသမားအတွက် မခံမရပ်နိုင်ဖြစ်ကာ ကွန်တီအား အသက်အန္တရာယ် ခြိမ်းခြောက်မှုပြုလာခဲ့ခြင်းဖြစ်သည်။

အီတလီဆေးဘက်ဝန်ထမ်းများက မာချီစီယိုအနေဖြင့် ဒူးအရွတ်ကြောစုတ်ပြဲခဲ့ခြင်းကြောင့် ယခုနှစ် ဘောလုံးရာသီအကုန်ထိ အနားယူရမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တာဗီချီယိုက Radio Rai နှင့် တွေ့ဆုံရာတွင် ''မနေ့က မာချီစီယို လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရလို့ ကွန်တီအနေနဲ့ အကြီး အကျယ်စိတ်ညစ်နေတာပါ။ ဒီမနက်ကျတော့ အင်တာနက်ကနေတစ်ဆင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုကို သူခံခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက သူဟာ ဘာအမှားမှလုပ်ခဲ့ခြင်းမရှိသလို အီတလီဘောလုံးအဖွဲ့ချုပ် အနေနဲ့လည်း သူ့ဘက်က ခိုင်ခိုင်မာမာရပ်တည်ချက်ရှိ တယ်ဆိုတာသူ့ကိုရော ပရိသတ်ကိုပါ ကျွန်တော် အသိပေးချင်ပါတယ်''ဟု ဆိုသည်။

ကွန်တီက မာချီစီယိုသည် ၎င်းဘာသာ သွေးပူလေ့ ကျင့်ခန်းလုပ်နေစဉ်အတွင်းမှာပင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ ဂျူဗင်တပ်အသင်းကမူ မာချီစီယို အနေဖြင့် ဒူးအရွတ်ကြောစုတ်ပြဲခဲ့ခြင်းမဟုတ်ဟု ထုတ်ပြန်ခဲ့သည်။ အီတလီသည် လာမည့် မတ် ၃၁ ရက်တွင် အင်္ဂလန်အသင်းနှင့် တူရကီ၌ ချစ်ကြည်ရေးခြေစမ်းပွဲကစားရမည်ဖြစ်ကာ လတ်တလောရလဒ်ပိုင်းတွင် သာမန်အောက် ရောက်ရှိနေသော အီတလီအနေဖြင့် မာချီစီယို၏ ဒဏ်ရာမှာ ခေါင်းခဲစရာ ဖြစ်ရပ်ဖြစ်လာခဲ့သည်။ (မေလဲ့သင်း)

No comments:

Post a Comment