Monday, March 30, 2015

စူပါကာစတန်ယာဉ်မှ လိုက်ထရပ်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်မိ၍ သေဆုံး၊ ဒဏ်ရာရ

'စူပါကာစတန်ယာဉ်မှ လိုက်ထရပ်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်မိ၍ သေဆုံး၊ ဒဏ်ရာရ

နေပြည်တော် မတ် ၂၉

ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၇၄/၁-၂)ကြားတွင် မတ်  ၂၈ ရက်  ညနေ ၃ နာရီ  မိနစ် ၅ဝ က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ 

ဖြစ်စဉ်မှာ နေပြည်တော်မှ ရန်ကုန် သို့ ဧရာတီဝတိုင်းဒေသကြီး သာပေါင်း မြို့နေ      ဒေါ်နီလာထွန်း (၄၃)နှစ်   မောင်းနှင်လာသော 8J/---စူပါကာ စတန်အဖြူရောင်ယာဉ်သည်  ရှေ့မှ မွန်ပြည်နယ် မော်လမြိုင်မြို့ သီရိမြိုင် ရပ်ကွက်နေ ဦးမင်းစိုး (၄၈)နှစ် မောင်း နှင်သည့် 6E/----လိုက်ထရပ်အဖြူ ရောင်ယာဉ်၏ ဝဲဘက်ခြမ်းကို အရှိန် မထိန်းနိုင်ဘဲ    နောက်မှဝင်တိုက်မိခဲ့ သဖြင့် လိုက်ထရပ်ယာဉ်မှာ  လမ်းယာ ဘက်ဘေးရှိ     အလူမီနီယံတန်းအား တိုက်မိကာ    လမ်းဘေးမြေသား လမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ပြီး   စူပါကာစတန်ယာဉ်မှာ လမ်းလယ် ကျွန်းအား ကျော်တက်ပြီး တစ်ဖက် ယာဉ်ကြော   မြေသားလမ်းဘေးရှိ မြောင်းထဲသို့ ထိုးကျရပ်တန့်ခဲ့ကြောင်း သိရသည်။ ထိုသို့တိုက်မိတိမ်းမှောက် မှုကြောင့်  လိုက်ထရပ်ယာဉ်ပေါ်တွင်   လိုက်ပါလာသူများအနက် အမျိုးသား တစ်ဦး၊   အမျိုးသမီး တစ်ဦး   အခင်း ဖြစ်နေရာတွင်    သေဆုံးသွားခဲ့ပြီး   စူပါကာစတန်          ယာဉ်မောင်း    ဒေါ်နီလာထွန်း၊   လိုက်ထရပ်ယာဉ် ပေါ်တွင်   လိုက်ပါလာသူများအနက်   ယာဉ်မောင်း ဦးမင်းစိုး၊  မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်နေ ဒေါ်ထားရီ(၅၂)နှစ်ပါ ၂၂  ဦးတို့တွင်   ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် နေပြည်တော် ခုတင်(၁ဝဝဝ) ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး   ဒေါ်နီလာထွန်းအား သာဂရ  အမြန်လမ်းမကြီးရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း  သိရ သည်။ 

အဆိုပါ           ဖြစ်စဉ်ကြောင့်   နေပြည်တော် ခုတင်(၁ဝဝဝ) ပြည်သူ့ ဆေးရုံကြီးတွင်  ဆေးကုသမှုခံယူနေ သူများအနက်    ဒေါ်ဝင်းကြည်မှာ ရရှိသောဒဏ်ရာများဖြင့်   မတ် ၂၉ ရက် နံနက် ၁၂ နာရီခွဲတွင်    သေဆုံး သွားခဲ့ကြောင်း သိရသည်။
         
   (ရဲပြန်ကြား)'

(ရဲပြန်ကြား)

No comments:

Post a Comment