Monday, March 2, 2015

ယဉ်ကျေးမှုပြတိုက်(ထားဝယ်)သို့ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ လှူဒါန်း

'ယဉ်ကျေးမှုပြတိုက်(ထားဝယ်)သို့ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ လှူဒါန်း

ထားဝယ် မတ် ၁

တနင်္သာရီတိုင်းဒေသကြီးအတွင်း နေထိုင်လျက်ရှိသော  တိုင်းရင်းသားမျိုးနွယ်စုများ၏  ယုံကြည်ကိုးကွယ်မှု၊ ရိုးရာဓလေ့ထုံးတမ်းများ၊  ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊  လူနေမှုစနစ်တို့ကို သုတေသီများအနေဖြင့် အလွယ်တကူလေ့လာနိုင်ပြီး ခရီးသွားလုပ်ငန်းများ တိုးတက်စေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၂၈ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်   တနင်္သာရီတိုင်းဒေသကြီး ယဉ်ကျေးမှုပြတိုက် (ထားဝယ်) သို့ ပြည်သူလူထုကလူယဉ်ကျေးမှုအမွေ အနှစ်ပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို  ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး   စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ကျော်ဦးက   အမှာစကားပြောကြားပြီး   အလှူရှင်များကိုယ်စား   ပြတိုက်ခင်းကျင်းရေး  ကော်မတီဝင်ဆရာကြီး  ဦးဘမြင့်က  ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ    လှူဒါန်းခြင်းနှင့်ပတ်သက်၍    ရှင်းလင်းပြောကြားသည်။

ယဉ်ကျေးမှုပြတိုက်(ထားဝယ်) သို့ အလှူရှင်များဖြစ်သော  ယိုးဒယားဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်  ဦးသြဘာသက  ရှေးဟောင်းဘုရားကျောင်းဆောင် တစ်ဆောင်၊ ရွှေဂူကျောင်း  ကျောင်းထိုင် ဆရာတော်ဦးကုမာရက ရှေးဟောင်းကြေးပုရပိုက်တစ်ဆူနှင့်   သစ်စေ့ပုရပိုက်ခုနစ်ဆူ၊ ဆရာကြီးဦးဘမြင့် (ထားဝယ်)က ရှေးဟောင်း ပုတီးစေ့၊ ဒင်္ဂါး၊လက်ရေစင်းပါအုတ်ချပ်၊ ဆေးတံများ၊ ဦးလှဝင်း (မြို့ဟောင်း)က  ရှေးဟောင်းပုတီးစေ့သုံးကုံး၊ ဒင်္ဂါး၊ မြေပုတီးအကြီး၊ ကြေးခြင်္သေ့အလေး၊ မြေဆေးတံအစုံ၊ ဦးနိုင်လင်း (မြို့ဟောင်း)က ရှေးဟောင်းပုတီးစေ့ အရွယ်စုံ၊ ဦးဝင်းကျော်(ဆန်းချီ)က ရှေးဟောင်းဒင်္ဂါးပြား ၁ဝ ခု၊ ဦးနေမင်း (ထားဝယ်မြို့)ကထားဝယ်ဒင်္ဂါး ၁ဝ ခု၊ ဦးနိုင်အောင်ထွန်း (ထားဝယ်မြို့) က ရှေးဟောင်း မြေဆေးတံလေးခု၊ ဦးအောင်မင်း (ထားဝယ်မြို့)က ရှေး ဟောင်းဒင်္ဂါးသုံးခု၊ ဦးကျော်သန်းက အိန္ဒိယဒင်္ဂါးတစ်ခုကို   ပေးအပ်လှူဒါန်းသည်။

တနင်္သာရီတိုင်းဒေသကြီး၊  ယဉ်ကျေးမှုပြတိုက် (ထားဝယ်)ကို ဧပြီလ ပထမပတ်တွင်  ဖွင့်လှစ်မည် ဖြစ်ပြီး    ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများကို   မည်သူမဆို   ပါဝင်လှူဒါန်းနိုင်ကြောင်းသိရသည်။             

(ခရိုင် ပြန်/ဆက်)'

(ခရိုင် ပြန်/ဆက်)

No comments:

Post a Comment