ကလေး မတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး
ကလေးမြို့နယ် ကျောင်းတိုက်ကျေးရွာအုပ်စု ကျောင်းတိုက်ကျေးရွာနှင့် သဖန်းအိုင်ကျေးရွာ၊ သာစည်ကျေးရွာအုပ်စု ရှားတောကျေးရွာတို့တွင် မတ် ၂၈ ရက် ညနေ ၄ နာရီခန့်တွင်လေပြင်းတိုက်ခတ် မှုဖြစ်ပွားခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းတိုက်ကျေးရွာ စာသင်ကျောင်းနှင့် ဆရာမနေအိမ်၊ ဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင်နှင့် ကားဂိုဒေါင်၊ သဖန်းအိုင်ကျေးရွာ စာသင်ကျောင်း၊ ရှားတောကျေးရွာ စာသင်ကျောင်းနှင့် လူနေအိမ်တို့တွင် သွပ်မိုးများလန်၍ ပျက်စီးခဲ့သည်။
အဆိုပါ ပျက်စီးမှုအခြေအနေများကို ကလေးခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ
ဦးမောင်ထူးက ကျေးရွာရပ်မိရပ်ဖများနှင့်အတူ မတ် ၂၉ ရက် နံနက်ပိုင်း က
ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပျက်စီးသွားသည့် စာသင်ကျောင်းများကို
အမြန်ဆုံးပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ကြရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းလေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်းပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၅၄ သိန်းကျော်ရှိပြီး လူနှင့်တိရစ္ဆာန်သေဆုံးမှုမရှိကြောင်း သိရသည်။
ဂျိုးနက်
ယင်းလေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်းပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၅၄ သိန်းကျော်ရှိပြီး လူနှင့်တိရစ္ဆာန်သေဆုံးမှုမရှိကြောင်း သိရသည်။
ဂျိုးနက်
No comments:
Post a Comment