Tuesday, March 3, 2015

ပီရူးဝန်ကြီးဟောင်း သတင်းထောက်သတ်မှုဖြင့် စွဲချက်တင်ခံရ

 
 
 'ပီရူးဝန်ကြီးဟောင်း သတင်းထောက်သတ်မှုဖြင့် စွဲချက်တင်ခံရ
====================

လိုင်မား   မတ်   ၂

ပီရူး    အစိုးရရှေ့နေတစ်ဦးက ယခင်ဝန်ကြီးဟောင်းကို   ၁၉၈၈ ခုနှစ် နိုဝင်ဘာလက သတင်းထောက် တစ်ဦးကိုသတ်ရန်  အမိန့်ပေးခဲ့သည့် စွပ်စွဲချက်ဖြင့် ထောင်ဒဏ် ၂၅ နှစ် ချရန်တောင်းဆိုနေသည်။

ယခင်ဗိုလ်ချုပ်      ဒန်နီရယ် ယူရက်စ်စတီက ၎င်းသည်  အပြစ် မရှိပါကြောင်း၊  ယင်းလုပ်ကြံစွပ်စွဲ  မှုသည်     နိုင်ငံရေးလှုပ်ရှားမှုဖြစ် ကြောင်း ပြောခဲ့သည်။

သတင်းထောက် ဟူဂိုဘူစတီယို သည် ပီရူးကုန်းမြင့်ဒေသ၌   လူ့အခွင့် အရေး အလွဲသုံးမှုနှင့်ပတ်သက်ပြီး စုံစမ်းနေစဉ်  အသတ်ခံရခြင်းဖြစ် သည်။

၎င်းသေဆုံးမှုအတွက်  စစ်သား ဟောင်းနှစ်ဦးကို    ပြစ်ဒဏ်ချ မှတ်ခဲ့သည်။ ¤င်းတို့အနက်မှ တစ်ဦး ကို မစ္စတာ ယူရက်စ်တီ၏အမှုတွင် ပါဝင်မှုဖြင့်  စွဲချက်တင်ထားသည်။   မစ္စတာဘူစတီနိုသည်  ပီရူးကုန်းမြင့် ဒေသ  ဟွန်တာမြို့ရှိ   ကာရက်တီ အမျိုးသားမဂ္ဂဇင်း၏ သတင်းထောက် တစ်ဦးဖြစ်သည်။ ပီရူးကုန်းမြင့်ဒေသ ဟွန်တာသည်  အစိုးရတပ်ဖွဲ့များနှင့် Shinning   Path  သူပုန်များကြား ပြောက်ကျားစစ်များ     ဖြစ်ပွားရာ အလယ်ဗဟိုဖြစ်သည်။

မစ္စတာဘူစတီယိုသည် နှစ်ဖက် စလုံးက ကျူးလွန်ထားသော လူ့အခွင့် အရေးအလွဲသုံးစားမှုကို     စုံစမ်း နေစဉ် ၁၉၈၈ ခုနှစ် နိုဝင်ဘာလတွင် ပစ်သတ်ခံရခြင်းဖြစ်သည်။ (ဘီဘီစီ)'
 
လိုင်မား မတ် ၂
ပီရူး အစိုးရရှေ့နေတစ်ဦးက ယခင်ဝန်ကြီးဟောင်းကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလက သတင်းထောက် တစ်ဦးကိုသတ်ရန် အမိန့်ပေးခဲ့သည့် စွပ်စွဲချက်ဖြင့် ထောင်ဒဏ် ၂၅ နှစ် ချရန်တောင်းဆိုနေသည်။
ယခင်ဗိုလ်ချုပ် ဒန်နီရယ် ယူရက်စ်စတီက ၎င်းသည် အပြစ် မရှိပါကြောင်း၊ ယင်းလုပ်ကြံစွပ်စွဲ မှုသည် နိုင်ငံရေးလှုပ်ရှားမှုဖြစ် ကြောင်း ပြောခဲ့သည်။
သတင်းထောက် ဟူဂိုဘူစတီယို သည် ပီရူးကုန်းမြင့်ဒေသ၌ လူ့အခွင့် အရေး အလွဲသုံးမှုနှင့်ပတ်သက်ပြီး စုံစမ်းနေစဉ် အသတ်ခံရခြင်းဖြစ် သည်။
၎င်းသေဆုံးမှုအတွက် စစ်သား ဟောင်းနှစ်ဦးကို ပြစ်ဒဏ်ချ မှတ်ခဲ့သည်။ ¤င်းတို့အနက်မှ တစ်ဦး ကို မစ္စတာ ယူရက်စ်တီ၏အမှုတွင် ပါဝင်မှုဖြင့် စွဲချက်တင်ထားသည်။ မစ္စတာဘူစတီနိုသည် ပီရူးကုန်းမြင့် ဒေသ ဟွန်တာမြို့ရှိ ကာရက်တီ အမျိုးသားမဂ္ဂဇင်း၏ သတင်းထောက် တစ်ဦးဖြစ်သည်။ ပီရူးကုန်းမြင့်ဒေသ ဟွန်တာသည် အစိုးရတပ်ဖွဲ့များနှင့် Shinning Path သူပုန်များကြား ပြောက်ကျားစစ်များ ဖြစ်ပွားရာ အလယ်ဗဟိုဖြစ်သည်။
မစ္စတာဘူစတီယိုသည် နှစ်ဖက် စလုံးက ကျူးလွန်ထားသော လူ့အခွင့် အရေးအလွဲသုံးစားမှုကို စုံစမ်း နေစဉ် ၁၉၈၈ ခုနှစ် နိုဝင်ဘာလတွင် ပစ်သတ်ခံရခြင်းဖြစ်သည်။ (ဘီဘီစီ)

No comments:

Post a Comment