Wednesday, March 4, 2015

လောက်ကိုင်ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများအား ကိုးကန့်သောင်းကျန်းသူအဖွဲ့များက နှောင့်ယှက်ပစ်ခတ်





 နေပြည်တော် မတ် ၃


လောက်ကိုင်ဒေသတွင် တပ်မတော် စစ်ကြောင်းများက ဒေသတည်ငြိမ် အေးချမ်းရေးအတွက် နယ်မြေ ရှင်းလင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၄ နာရီခွဲခန့်တွင် လောက်ကိုင် မြို့တောင်ဘက်ရှိ ယန္တရားဝင်းအတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား ကိုးကန့် သောင်းကျန်းသူအင်အားစုအချို့က လက်နက်ငယ်များဖြင့် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တပ်မတော် စစ်ကြောင်းက ပြန်လည်ခုခံတိုက်ခိုက် ရှင်းလင်းခဲ့သဖြင့် သောင်းကျန်းသူများသည် အရှေ့တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။
ထို့အပြင် နံနက် ၅ နာရီခန့်တွင် မော်ထိုက်မြို့ အနောက်ဘက်ရှိ ချင်မို လင်ရွာအနီး၌လည်းကောင်း၊ နံနက် ၆ နာရီခန့်တွင် ရန်လုံကျိုင်းရွာအနီး၌ လည်းကောင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ် ကြောင်းများအား ကိုးကန့် သောင်းကျန်းသူအဖွဲ့များက လက်နက်ငယ်များဖြင့် အလစ်အငိုက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော်စစ်ကြောင်းများ၏ စနစ်တကျပြန်လည်ပစ်ခတ် တိုက်ခိုက်မှုကြောင့် သောင်းကျန်းသူများဆုတ်ခွာသွားခဲ့ပြီး တပ်မတော် စစ်ကြောင်းများက လိုက်လံရှင်းလင်း လျက်ရှိသည်။
အထက်ပါ ကိုးကန့်သောင်းကျန်း သူအဖွဲ့များ၏ နှောင့်ယှက်တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ကိုးကန့်သောင်းကျန်း သူအဖွဲ့ထံမှ အလောင်းနှစ်လောင်း၊ ခြောက်လုံးပြူး တစ်လက်နှင့် လက်ပစ်ဗုံးတစ်လုံး သိမ်းဆည်းရမိပြီး တပ်မတော်မှ စစ်သည်နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာရစစ်သည်များအား တပ်မတော်ဆေးရုံများသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment