ယခုနှစ်ဘောလုံးရာသီအကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် နောက်ခံလူ ဒန်နီအဲဗက်စ်နေရာတွင် လီဗာပူးနောက်တန်းကစားသမား ဂလင်းဂျွန်ဆင်ကို အစားထိုးခေါ်ယူရန် ဘာစီလိုနာကပစ်မှတ်ထားလာခဲ့သည်။ ဘာစီလိုနာသည် အဲဗက်စ်နှင့် စာချုပ်သက်တမ်းတိုးရေးကို ယခုထိယတိပြတ်ဆွေးနွေးခြင်းမပြုရသေးပေ။ စပိန်မှလာသော သတင်းများအရ အကယ်၍ အဲဗက်စ်အနေဖြင့် ဘာစီလိုနာမှ ချုပ်ဆိုလာသောစာချုပ်သစ်ကို ငြင်းပယ်ခဲ့ပါက ၎င်း၏နေရာတွင် အဆင်သင့်အစားထိုးနိုင်ရန် အတွေ့အကြုံရင့်ကျက်သော လီဗာပူးတောင်ပံခံစစ်မှူးကို ပစ်မှတ်ထား လာခဲ့ခြင်းဖြစ်သည်။
ဂလင်းဂျွန်ဆင်ကိုယ်တိုင်ကလည်း ယခုနှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်
လီဗာပူးမှထွက်ခွာပြီး အခြားအင်္ဂလန်ပြင်ပအသင်းတစ်သင်းတွင်
သွားရောက်ကစားလိုနေသည်။ ထို့ပြင် လီဗာပူးသည် အသင်းမှထွက်ခွာတော့မည့်
အသင်းခေါင်းဆောင် စတီဗင်ဂျရတ်နေရာ၌ မန်စီးတီးကွင်းလယ်ကစားသမား
ဂျိမ်းစ်မေနာကို အစားထိုးရန် ကြိုးပမ်းနေသည်ဟု အင်္ဂလန်မီဒီယာများက
ဖော်ပြသည်။
(မေလဲ့သင်း)
(မေလဲ့သင်း)
No comments:
Post a Comment