Tuesday, March 31, 2015

စာကြည့်တိုက်ဝန်ဆောင်မှုများ မြှင့်တင်ရေး အလုပ်ရုံဆွေးနွေး



ဆိပ်ဖြူ မတ် ၃ဝ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်အတွင်းရှိ စာကြည့်တိုက်များ၏ ဝန်ဆောင်မှုလုပ်ငန်းများမြှင့်တင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ နိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ အသင်းတို့ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲကို အထက(ဆိပ်ဖြူ) နဝရတ်ခန်းမ၌ မတ် ၂၇ ရက်က ကျင်းပခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုးက အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ဝင်းက အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစိုးတင့်၊ အတွင်းရေးမှူး ဦးဥာဏ်အောင်နှင့် ရပ်ကွက်ကျေးရွာစာကြည့်တိုက်မှူးများက မိမိတို့ရပ်ကွက်ကျေးရွာအတွင်းရှိ စာကြည့်တိုက်များတွင် စာဖတ်သူတိုးပွား လာစေပြီး ပြည်သူများအသိပညာတိုးပွားလာစေရန်အတွက် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ များမှ စာကြည့်တိုက်မှူးများတက်ရောက်ခဲ့ကြသည်။ စိုးလင်းနိုင်(iprd)

No comments:

Post a Comment