Monday, February 2, 2015

မြန်မာပြည်ရဲ့ ပထမဆုံးသော Photo Model သင်တန်းဖွင့်

Photo: မြန်မာပြည်ရဲ့ ပထမဆုံးသော 
Photo Model သင်တန်းဖွင့်

တက်သစ်စအနုပညာရှင်များတောင်းဆိုနေသည့် Photo Model  သင်တန်း ကိုFocus Online Entertainment က ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီတွင် စတင်ဖွင့်လှစ်ကြောင်းFocus Online Entertainment  မှ   ဒါရိုက်တာ ညိုမင်းခန့်က ပြောသည်။ 

အဆိုပါသင်တန်းမှတစ်ဆင့် ဓာတ်ပုံရိုက်ကူးတော့မည့်  မော်ဒယ်များ သိသင့်သိထိုက်သည့်အချက်အလက်များကို    သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

''မော်ဒယ်တစ်ယောက်ရဲ့ခံယူချက်၊ ဓာတ်ပုံသဘောတရား၊ မီးအလင်း အမှောင်၊ မျက်လုံးအကြည့်၊ ဓာတ်ပုံမှာ ပေါ်လွင်စေမယ့် ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်၊Bone Structure  အလိုက် ပြုမူသင့်တဲ့ ကိုယ်နေဟန်ထား တွေ၊ ဖက်ရှင်ရွေးချယ်မှု၊ ဆံပင်မိတ်ကပ်စတဲ့ ရွေးချယ်မှုတွေ၊ Professional Photo Model  တစ်ယောက်တတ်ကျွမ်းရမယ့် အချက်အလက်တွေကို သင်ကြား ပို့ချပေးသွားမှာ ဖြစ်ပါတယ်''ဟု ဒါရိုက်တာ ညိုမင်းခန့်က ပြောသည်။ 

''အနုပညာကို စိတ်ဝင်စားနေတဲ့ ညီငယ်ညီမငယ်တွေအတွက် ဓာတ်ပုံ ရိုက်ကူးတဲ့အခါ အခက်အခဲတွေအများကြီးရှိနေတာတွေ့ရတယ်။ ကြော်ငြာ၊ မဂ္ဂဇင်းတွေအတွက် ရိုက်ကူးတဲ့အခါမှာလည်း လိုချင်တဲ့ပုံစံမရလို့ အသစ်တွေ ကို မြေတောင်မမြှောက်ပေးသင့်တာတွေ တွေ့မြင်နေရတယ်'' ဟု ၄င်းက ပြောသည်။

ဆက်လက်၍  ၄င်းက  သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်၍ ''အနုပညာလောကထဲ ဝင်တော့မယ်ဆိုရင် ဓာတ်ပုံနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ကောင်းကောင်းသိဖို့လိုပါတယ်။ ဒါကြောင့် အချိန်တိုအတွင်း Photo Model  တစ်ယောက် တတ်ကျွမ်းသင့်တဲ့အချက်တွေကို သင်ပေးမှာ ဖြစ်သလို ဓာတ်ပုံရိုက်ကူးမှုအတွက်လည်း လက်တွေ့သင်ကြားပို့ချပေးသွား မှာဖြစ်ပါတယ်။ ဒီသင်တန်းက ထူးချွန်တဲ့သူတွေကိုFocus Online Enter-tainment က ထုတ်ဝေတဲ့Focus Online မဂ္ဂဇင်းနဲ့ ကျန်တဲ့မဂ္ဂဇင်းတွေမှာ လည်း ရိုက်ကူးပေးသွားမှာဖြစ်ပါတယ်''ဟု ပြောသည်။ 

ယခုဖွင့်လှစ်လိုက်သည့်Photo Model  သင်တန်းမှာ  အပတ်စဉ်(၁)ဖြစ်ပြီး တန်းခွဲတစ်ခုတွင် သင်တန်းသား ၁ဝ ဦးသာ လက်ခံသင်ကြားပေးမည် ဖြစ်ကာ သင်တန်းကာလမှာ တစ်လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ 

မေသက်ဝင်း စုစည်းသည်

No comments:

Post a Comment