Monday, February 2, 2015

ဟောလိဝုဒ်မှာ မတူညီကွဲပြားတဲ့ ပြဿနာတွေရှိနေပါတယ်လို့ ဂျက်စီကာခရစ္စတန်ပြော

Photo: ဟောလိဝုဒ်မှာ မတူညီကွဲပြားတဲ့ ပြဿနာတွေရှိနေပါတယ်လို့ ဂျက်စီကာခရစ္စတန်ပြော

ခရစ္စတန်က လက်ရှိ ဟောလိဝုဒ်မှာ မတူညီ ကွဲပြားတဲ့ ပြဿနာတွေအများကြီးရှိနေပြီး ဖြေရှင်း နိုင်ဖို့ ကြိုးပမ်းရမှာဖြစ်တယ်လို့ ၂ဝ၁၅ ဝေဖန်ရေး ဆရာများ ပေးအပ်တဲ့ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ဆုရရှိပြီးနောက် ပြောကြားခဲ့ပါတယ်။ ယင်းဆုရရှိ ခြင်းအပေါ် လူ့အခွင့်အရေးအတွက် အကျိုးဆောင် ပေးခဲ့သူ မစ္စတာ မာတင်လူသာကင်းဂျူနီယာကို ရည်ညွှန်းပါတယ်လို့လည်း   ပြောကြားခဲ့ပါတယ်။ 

''Zero Dark Thirty'' ဇာတ်ကားရဲ့ ကြယ်ပွင့်မင်းသမီး ဟာ သူမရဲ့ကျေးဇူးတင်စကားထဲမှ လိင်ခွဲခြားမှု၊ အမျိုးသမီးတွေအား နှိမ့်ချဆက်ဆံမှု၊ လူမျိုးရေး ခွဲခြားမှု၊ လူမျိုးကြီးဝါဒစွဲကိုင်မှုတွေကို ဆန့်ကျင်ပေးဖို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ယခုနှစ် အော်စကာ ဆန်ခါတင်ဆုစာရင်းမှာ အဓိက သရုပ်ဆောင်တွေ အားလုံးက လူဖြူတွေဖြစ်နေပြီး ဒါရိုက်တာဆုနဲ့ ဇာတ်ညွှန်းဆုအားလုံးမှာလည်း အမျိုးသမီးတွေ လုံးဝမပါဝင်တဲ့အပေါ် ဝေဖန်မှုခံခဲ့ ရပါတယ်။ ဒါပေမယ့်လည်း ဟောလိဝုဒ်မှာ လူမျိုး ပေါင်းစုံ ရှိနေတာကြောင့် ပြဿနာတွေလည်းအမြဲရှိ နေပြီး  ဒီအခြေအနေတွေကို မလိုလားပါဘူးလို့ သူ့အမြင်ကို   ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောကြားထားသူ တစ်ယောက် လည်းဖြစ်ပါတယ်။
 
မင်းသမီးဟာ သူ့ရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားဖြစ်တဲ့ ''A Most Violent Year'' ရုပ်ရှင်ကား ပရိုမိုးရှင်း ပွဲမှာ ''ကျွန်မတို့ လုပ်ငန်းကြီး (ဟောလိဝုဒ်)မှာမတူ ညီကွဲပြားတဲ့ ပြဿနာတွေ အများကြီးရှိနေပါတယ်။ ဒါကို ကျွန်မအနေနဲ့ အခြေအနေတစ်ရပ်လို့ သာမန် ရှုမြင်လို့ မရပါဘူး။ ကျွန်မက လုပ်ငန်းရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တာမို့ ပြဿနာရဲ့ အစိတ်အပိုင်းတစ်ရပ်လို့လည်း ခံယူ ထားပါတယ်''လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင်  မင်းသမီးက  ဟောလိဝုဒ်မှာ အမျိုးသမီးဒါရိုက်တာနဲ့  ဓာတ်ပုံပညာရှင် သုံးရာခိုင်နှုန်းအထိ ပါဝင်နေတာ ကိုလည်း  ထောက်ပြပေးခဲ့ပြီး   အချို့အာရှ-အမေရိက ကပြားတွေ  ရုပ်ရှင်လုပ်ငန်းမှာ  အခုထိ နေရာမရသေးတာကလည်း ဟောလိဝုဒ်မှာရှိတဲ့ ပြဿနာတွေထဲက တစ်ခုလို့ ဆိုချင်ပါတယ်။ 

ခရစ္စတန်ဟာ နှစ်ပေါင်းတော်တော်ကြာ ရုပ်မြင်သံကြားလောကမှာ ကျင်လည်ခဲ့ပြီး ၂ဝ၁၁- ၂ဝ၁၂ ဝန်းကျင်လောက်မှာတော့ ကမ္ဘာ့စာမျက်နှာ မှာ ပရိသတ်များ၏ အထူးအာရုံစိုက်မှု ရရှိလာခဲ့တဲ့ မင်းသမီးတစ်လက် ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ဘဝကို အောင်မြင်အောင် တွန်းပို့ပေးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား များကတော့ မင်းသား ဘရက်ပစ်ပါဝင်တဲ့ ''The Tree of Life"  ဇာတ်ကား၊ ''The Debt''  ကားများ နဲ့ သူ့ရဲ့ဘဝမှာ  ပထမဆုံးအကြိမ် အော်စကာ ဆန်ခါတင်ဆုစာရင်းဝင်ခဲ့တဲ့  ''The Help" ဇာတ်ကားများပဲဖြစ်ပါတယ်။၂ဝ၁၃ ခုနှစ်မှာတော့ အိုစမာဘင်လာဒင်ကို သုတ်သင်ခဲ့တဲ့အကြောင်း ရိုက်ကူးထားတဲ့ ''The Zero Dark Thirty"  ကား မှာ ဒုတိယအကြိမ်အဖြစ် အော်စကာဆန်ခါတင် ဆုစာရင်းမှာ ထပ်မံပါဝင်နိုင်ခဲ့ပါတယ်။ ဒီအကြောင်း နဲ့ပတ်သက်ပြီးလည်း အခုလို ဇာတ်လမ်းကောင်း တွေ ရိုက်ကူးနိုင်ခဲ့တာဟာ ကံကောင်းမှုတစ်ရပ် ဖြစ်ပြီး ဆေးစက်ကျရာ အရုပ်ထင်ရတဲ့ ဇာတ်ကောင် စရိုက်တွေထဲကမှ ဘဝအကြောင်းကို သင်ကြားရတာ ကိုလည်း ကြိုက်နှစ်သက်ပါတယ်လို့ ဆိုခဲ့ပါတယ်။

တစ်ခါတလေမှာတော့ သူဟာ သူ့အတွေး တွေနဲ့ပဲ    လုံးလည်ချာလည်  လိုက်နေတတ်ပြီး ရုပ်ရှင်ကြည့်တဲ့အခါ မင်းသားကို အသားပေးတဲ့ ဇာတ်ကား ၂ဝ မှာ မင်းသမီးအသားပေး ဇာတ်ကား နှစ်ကားလောက်ပဲ ပါဝင်တဲ့အပေါ်မှာ ကျေနပ်မှု မရှိဘဲ ဒီအခြေအနေကို ပြောင်းလဲပစ်ဖို့ လိုလားပါ တယ်လို့ ဆိုပြန်ပါတယ်။ ပြောင်းတယ်လို့ ပြောပေ မယ့်လည်း အတွင်းကျကျ မပြောင်းနိုင်သေးဘဲ အခုထိ လိင်ပိုင်းဆိုင်ရာ၊ လူမျိုးရေးဆိုင်ရာ၊ ဘာသာ စကားဆိုင်ရာတို့ အားလုံးမှာ ယတိပြတ်ပြောင်းလဲ နိုင်ခြင်းမရှိသေးဘူးလို့ ဟောလိဝုဒ်ရဲ့ အားနည်း ချက်တွေကို ဝေဖန်ခဲ့သူဖြစ်ပါတယ်။ 

သူရိုက်ခဲ့တဲ့  ဇာတ်ကောင်စရိုက်တွေမှာ   ပျော်ဝင်နစ်မြုပ်ပြီး    သရုပ်ဆောင်တတ်သူ၊ ဇာတ်ကောင်တစ်ခုနှင့်တစ်ခု လုံးဝကွဲပြားအောင် တင်ဆက်နိုင်သူတစ်ယောက် လည်းဖြစ်ပါတယ်။ သူရဲ့ ပရော်ဖက်ရှင်နယ်ဘဝမှာ လက်ကိုင်ထားတဲ့ ယုံကြည်ချက်တစ်ခုက ''ကျွန်မအနေနဲ့ အလုပ်လုပ်ဖို့ လိုအပ်တယ်လို့ ယုံကြည်တဲ့ တစ်ခု တည်းသော အကြောင်းတရားက ကျွန်မမှာ အလုပ်တွေ အများ ကြီးလုပ်နိုင်တဲ့ စွမ်းအားတွေ ရှိနေတယ်။ရှေ့လျှောက် လည်း ဒီထက်များပြားတဲ့ အလုပ်တွေကို ဆက်လုပ် နေဦးမှာဖြစ်ပြီး အလုပ်လုပ်နေရတာကိုပဲတကယ်ကို နှစ်သက်နေမိတယ်''လို့ ဆိုခဲ့ပါတယ်။

 ခရစ္စတန်က ဟောလိဝုဒ်ရဲ့     ကြယ်ပွင့်ဖြစ် နေပေမယ့်လည်း ကျော်ကြားမှုဆိုတာ စကားလုံး သက်သက်ပဲဖြစ်ပြီး ဘဝရဲ့  အဓိကအရာတွေကို  ပြောင်းလဲပေးနိုင်တဲ့အရာမဟုတ်ဘူးလို့ ခံယူချက် ထားသူဖြစ်တဲ့အတွက် ကမ္ဘာအနှံ့ သွားရောက်လည် ပတ်ကာ သာမန်အရပ်သူတစ်ဦးလိုပဲ ပြုမူနေထိုင် စားသောက်တတ်သူဖြစ်ပါတယ်။ 

မေသက်ဝင်း စုစည်းသည်

No comments:

Post a Comment